❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၇
၁၇း၅ ယေရှုသည် ဤကမ္ဘာသို့ မလာရောက်မှီ အချိန်၌ သူသည်ဘုရားသခင်နှင့်အတူ ရှိခဲ့သည်။ ယေရှုသည် သူ၏ ဤလောက၌ လုပ်ဆောင်ဖွယ်ရာများ ပြီးဆုံးခါနီး အချိန်၌ ခမည်းတော်အား ယခင်က တည်ရှိနေသည့် နေရာ၊ ဘုန်းအာဏာကို ပြန်လည်၍ ပေးသနားရန် တောင်းဆိုခဲ့သည်။ ယေရှု၏ ရှင်ပြန်ထမြောက်ခြင်းနှင့် ကောင်းကင်သို့ ပြန်ကြွခြင်း၊ သတေဖန် (Stephen) ၏ သေဆုံးခါနီး အချိန်၌ ကြွေးကြော်ခြင်းတို့သည် ယေရှုမှ ဘုရားရှင်၏ လက်ယာတော်၌ ပြန်လည်တည်ရှိနေခြင်းအား သက်သေဖြစ်စေသည်။
၁၇း၁၀ ထိုအရာတို့အားဖြင့် ကျွန်ုပ်တို့သည် ဘုန်းထင်ရှားပါ၏ဟု ယေရှုမှ ပြောခဲ့ခြင်းသည် အဘယ်အဓိပ္ပါယ်ကို ဆောင်ပါသနည်း။ ဘုရားသခင်၏ ဘုန်းတော်သည် သူ၏ သဘောသဘာဝနှင့် သူ၏ တည်ရှိခြင်းကို ဖော်ပြသည်။ တမန်တော်တို့၏ အသက်တာအားဖြင့် ဘုရားသခင်၏ သဘာဝသည် ထင်ရှားလျက်ရှိပြီး သူတို့အားဖြင့် ဘုရားသခင်သည် ဤလောက၌ တည်ရှိသည်။ သင်၏ အသက်တာသည် ယေရှု၏ သဘောသဘာဝနှင့် တည်ရှိမှုကို ဖော်ပြနေပါသလား။
❮ Prev . . . ၁၅ ၁၆ အခန်းကြီး ၁၇ ၁၈ ၁၉ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯