❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၁၈ ကားတိုင်တင်ခြင်းသည် ရောမတို့ ကျင့်သုံးသည့် သေဒဏ်ပေးခြင်း ဖြစ်သည်။ ရာဇဝတ်သားသည် ကားတိုင်ကို ကားတင်မည့်နေရာအထိ လမ်းတစ်လျှောက်လုံး သယ်ဆောင်ရသည်။ ထိုသို့ပြုစေခြင်းသည် အခြားသူများအား သတိပေးခြင်းလည်းဖြစ်သည်။ အသုံးပြုသော ကားတိုင်နှင့် ကားတိုင်တင်သည့် နည်းလမ်းအမျိုးမျိုးရှိသည်။ ယေရှုသည် သံဖြင့်ရိုက်နှက်၍ ကားတိုင်တင်ခြင်းခံရသည်။ ကြိုးဖြင့်ကားတိုင်နှင့် ချည်ကာ ကားတိုင်တင်သည့် နည်းလမ်းလည်း ရှိသည်။ ကိုယ်ခန္ဓာ၏ အလေးချိန်ကြောင့် အသက်ရှူရခက်ပြီး သေကြရသည်။ ကားတိုင်တင်ခြင်းသည် တဖြည်းဖြည်းနှင့် နာကျင်စွာသေရသော သေခြင်းဖြစ်သည်။
၁၉း၁၉ ထိုကမ္ဗည်းလိပ်စာသည် အဓိပ္ပါယ်ရှိသည်။ လူတို့ရှေ့၌ ဝတ်ရုံကို ချွတ်၍ အသတ်ခံရသော ဘုရင်ဖြစ်သည်။ ‘ယုဒရှင်ဘုရင် နာဇရက်မြို့သား ယေရှု (JESUS OF NAZARETH, THE KING OF JEWS)’ ဟု ကမ္ဗည်းထိုးထားသည်။ သို့သော် ယေရှုသည် ထိုအချိန်၌ သူ၏ နိုင်ငံတော်ကို အစပြုခဲ့သည်။ သူ၏ သေဆုံးခြင်း၊ ထမြောက်ခြင်းသည် စာတန် (Satan) ၏ အုပ်စိုးမှုကို ထိရောက်စွာ တိုက်လှန်ခြင်းဖြစ်ပြီး၊ ဤကမ္ဘာကြီးအား ယေရှုက ထာဝရ အုပ်စိုးမှုကို အခြေတည်စေသည်။ ထိုကမ္ဗည်းကို ဖတ်ရှုသောသူများ၌ အချို့တို့က စစ်မှန်သော အဓိပ္ပါယ်ကို နားလည်ခဲ့ကြသော်လည်း ထိုကမ္ဗည်းသည် လွန်စွာမှန်ကန်သော ကမ္ဗည်းဖြစ်သည်။ ယေရှုသည် ဂျူးလူမျိုးတို့၏ ရှင်ဘုရင်၊ အခြားသော လူမျိုးတို့၏ ရှင်ဘုရင်၊ လောကကြီးတစ်ခုလုံး၏ ရှင်ဘုရင်ဖြစ်သည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯