❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၁၉
၁၉း၃၁ သေဆုံးသောသူအား တစ်ညတာ ထားရှိခြင်းသည် ဘုရားရှင်၏ ဥပဒေအား ဆန့်ကျင်ရာ ရောက်သည် (တရား ၂၁း၂၃)။ ထိုနည်းတူစွာ ဥပုဒ်နေ့ (Sabbath) အစပြုရာ သောကြာနေ့ (Friday) နေဝင်ပြီးအချိန်၌ အလုပ် လုပ်ဆောင်ခြင်းသည်လည်း ဘုရားသခင်၏ ဥပဒေအား ဆန့်ကျင်ရာ ရောက်သည်။ ထို့ကြောင့်လည်း ဘာသာရေး ခေါင်းဆောင်များသည် ယေရှု၏ ခန္ဓာကိုယ်အား နေမဝင်မီအချိန်၌ မြှုပ်နှံနိုင်ရန် လိုလားခဲ့ကြသည်။
၁၉း၃၂ ရောမစစ်သား (Roman soldier) များသည် ရာဇဝတ်သားများ၏ ခြေကိုချိုးခြင်းဖြင့် လျင်မြန်စွာ သေဆုံးအောင် ပြုလေ့ရှိကြသည်။ ကားတိုင်သို့ တင်ခဲ့ရသောသူသည် အသက်ရှူကြပ်၍ သေဆုံးသည်။ သို့သော် ထိုသူသည် သူ၏ ခြေနှင့်ကားတိုင်ကို ကန်ထားခြင်းအားဖြင့် သူ၏ခန္ဓာကိုယ်ကို ထောက်မပြီးဆက်လက် အသက်ရှူနိုင်သည်။ ခြေကိုချိုးသောအခါ၌ သူသည် ချက်ခြင်းအသက်ရှူကြပ်သွားသည်။
❮ Prev . . . ၁၇ ၁၈ အခန်းကြီး ၁၉ ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯