❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂၀

၂၀း၂၂ ယင်းသည် တမန်တော်တို့အား သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်စုံစေခြင်း ဖြစ်ပေသည်။ ယင်းသည် ပင်တေကုတ္တေနေ့ (Day of Pentecost) နှင့် နောင်လာမည့် ကာလများ၌ ယုံကြည်သူ အားလုံးတို့မှ တွေ့ကြုံမည့်အရာ၏ အစဦးဖြစ်ပေမည် (တ ၂)။ ဘုရားရှင်၏ အလုပ်ကို လုပ်ဆောင်ရန်မှာ ကျွန်ုပ်တို့သည် လမ်းပြခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကို လိုအပ်သည်။ မိမိတို့၏ ခွန်အားကိုသာ အသုံးပြုပြီး ဘုရားရှင်၏ လုပ်ငန်းများကို လုပ်ဆောင်ခြင်းမှ ရှောင်ရှားရမည်။

၂၀း၂၂ ဘုရားရှင်၏ ဝိညာဉ်တော် မှုတ်သွင်းခြင်း၌ အသက်ပါသည်။ လူကိုဘုရားသခင်က ဖန်းဆင်း ခဲ့သော်လည်း၊ ဘုရားသခင်က အသက်ဝိညာဉ်ကို မှုတ်သွင်းပြီးသော အခါမှသာ လူ၌ အသက်ဝင်လာ ရသည် (က ၂း၇)။ ဘုရားသခင်၏ အသက်ဝိညာဉ် မှုတ်သွင်းခြင်းကြောင့် လူသည် ဘုရားသခင် ဖန်ဆင်းထားသော အခြားအရာများနှင့် ကွာခြားမှု ရှိစေသည်။ တမန်တော်တို့ အပေါ်သို့ သန့်ရှင်းသော ဝိညာဉ်တော် မှုတ်သွင်းခြင်းသည် ဝိညာဉ်တော် တန်းခိုးကိုပေးခြင်း ဖြစ်သည်။ ကမ္ဘာလောက၌ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်နိုင်ရန် သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးကို ပေးခြင်းဖြစ်သည်။

Continue… » »


❮ Prev . . . ၁၈ ၁၉ အခန်းကြီး ၂၀ ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.