❮ Prev . . . ၁၉ ၂၀ အခန်းကြီး ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯
ရှင်ယောဟန်ခရစ်ဝင်ကျမ်း John
အခန်းကြီး ၂၁
၂၁း၁၈-၁၉ ယင်းသည် ပေတရုအား တိုင်တည်၍ အသတ်ခံရမည် ဖြစ်ကြောင်းကို ကြိုတင် ပြောကြားခဲ့ခြင်း ဖြစ်သည်။ ပေတရုသည် သူ၏ ယုံကြည်ခြင်းအတွက် ကားတိုင်တင် ခံရသည်။ သူသည် ကားတိုင်ကို ပြောင်းပြန်တင် အသတ်ခံရသည်။ အဘယ်ကြောင့်ဆိုသော် သူသည် သူ၏ သခင်ကဲ့သို့ ကားတိုင်၌ အတည့်အတင်ခံရန် မထိုက်တန်ပါဟု ခံစားရ၍ ဖြစ်သည်။ ပေတရု၏ အနာဂတ်သည် မည်သို့ပင် ဖြစ်စေကာမူ ယေရှုသည် သူ့အား သူ၏ နောက်တော်သို့ လိုက်ရန် ပြောခဲ့သည်။ ကျွန်ုပ်တို့သည် အနာဂတ်ကာလ အတွက် မရေမရာ ကြောက်ရွံ့မှု ရှိတတ်သည်။ သို့သော် ဘုရားရှင်က အရာရာတိုင်းကို ထိန်းချုပ်မှုရှိကြောင်း သိသောအခါ၌ ကျွန်ုပ်တို့သည် ခရစ်တော်၏ နောက်တော်သို့ ယုံကြည်စိတ်ချစွာလိုက်နိုင်သည်။
၂၁း၂၁-၂၂ ပေတရုက ယေရှုအား ယောဟန်သည် မည်ကဲ့သို့ သေဆုံးမည့် အကြောင်းကို မေးခဲ့သည်။ ယေရှုက ပေတရုအား ထိုအရာအတွက် ပူပန်ရန် မလိုကြောင်း ပြောခဲ့သည်။ ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ခရစ်တော် အပေါ်၌ တိုးဝင်ဆက်ကပ် ခြင်းကို၎င်း၊ ဘုရားရှင်၏ တရားမျှတမှုကို ခြွင်းချက်ပြုလို၊ မေးခွန်းထုတ်လိုသော အခါ၌ ၎င်း၏ အသက်တာကို အခြားသူများနှင့် နှိုင်းယှဉ် လေ့ရှိသည်။ ထိုအခါများ၌ ယေရှုမှ ကျွန်ုပ်တို့အား ပြောနေသည်မှာ “သင်နှင့် အဘယ်တော်သို့ ဆိုင်သနည်း၊ ငါ၏ နောက်တော်သို့ လိုက်လော့” ဟုဖြစ်သည်။
❮ Prev . . . ၁၉ ၂၀ အခန်းကြီး ၂၁ ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯