❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
နိဒါန်း Introduction
ရှင်ပေါလုသည် ဤကျမ်းကို နွေးထွေးသော နှုတ်ခွန်းဆက် ခြင်းဖြင့် အစပြုသည် (၁း၁-၂)။ ၎င်းနောက် အသင်းတော်၏ သဘောသဘဝကို ဖော်ပြသည်။ ခရစ်တော်အား ယုံကြည်သော သူများအပေါ်၌ ဘုရားသခင်၏ ကြာနာခြင်း စေတနာသည် ကျရောက်လျက်ရှိပြီး (၁း၃-၈)၊ ယုံကြည်သူများသည် ကြီးမြတ်ခြင်းကို ရရှိရန် အတွက် ရွေးချယ်ခြင်းခံရပြီး (၁း၉ -၁၂)၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တံဆိပ်ခတ်ခြင်းကို ခံရသည် (၁း၁၃-၁၄)။ ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော် တန်ဖိုးနှင့် ပြည့်ဝပြီး (၁း၁၅-၂၃)၊ အပြစ်တရား၏ ကျိန်ခြင်း၊ ချည်နှောင်မှုများမှ လွတ်မြောက်လျက် (၂း၁-၁၀)၊ ဘုရားသခင်နှင့် နီးစပ်စေသည် (၂း၁၁-၁၈)။ ဘုရားသခင်၏ အိမ်တော်သားများဖြစ်သည့် အားလျော်စွာ ကျွန်ုပ်တို့သည် ခရစ်တော်၏ ပရောဖက်များ (Prophets)၊ တမန်တော်များ (Apostles)၊ ဂျူး(ယုဒ) လူမျိုးများ (Jews)၊ အခြားသောလူမျိုးများ (Gentiles) နှင့်အတူ ရပ်တည်သူများ ဖြစ်ကြသည် (၂း၁၉ – ၃း၁၃)။ ဘုရားသခင်၏ လုပ်ဆောင်ခဲ့သော အရာများအားလုံးကို သတိရလျက် ရှင်ပေါလုသည် ဧဖက်မြို့သားများအား ခရစ်တော်နှင့် နီးကပ်စွာ အသက်ရှင်ရန် စိန်ခေါ်ခဲ့သည်။ ထို့နောက် ရှင်ပေါလုသည် ချီးမွမ်းမှုများကို အစဉ်တစိုက် ပြုခဲ့သည် (၃း၁၄-၂၁)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯