❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၁

၁း၃ ဝိညာဉ်ကောင်းကြီး မင်္ဂလာများကို ပေးသောသူဟု ဆိုရာတွင် ခရစ်တော်အားဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်အား သိရသော အခွင့်ကို ရခဲ့ကြသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ကယ်တင်ခြင်းကို ခံရသောသူများ၊ သူ၏ သားသမီးအဖြစ် မွေးစားခြင်းကို ခံရသောသူများ၊ အပြစ်လွှတ်ခြင်း၊ နက်နဲသောအရာများကို သိခြင်း၊ ဝိညာဉ်တော် ဆုကျေးဇူးများကို ခံရခြင်း၊ ဘုရားသခင်၏ အလိုတော်ကို လုပ်ဆောင်နိုင်သော တန်ခိုးကို ရခြင်း၊ ခရစ်တော်နှင့် အတူတကွ နေထိုင်နိုင်မည့် မျှော်လင့်ခြင်းတို့ကို ရရှိခဲ့ကြသည်။ ခရစ်တော်နှင့် နီးစပ်စွာ ဆက်ဆံနိုင်သောကြောင့်လည်း ကျွန်ုပ်တို့သည် ယခုအချိန်၌ ပင် ထိုကောင်းချီးမင်္ဂလာများကို ခံစားနိုင်ပါသည်။ ‘ကောင်းကင်အရပ်’ သည် ခဏတာကာလ၌သာ မဟုတ်ဘဲ ထာဝရကာလတိုင်ရှိမည့် ကောင်းချီး မင်္ဂလာများကို ရရှိမည်ကို ဆိုလိုသည်။ ကောင်းကြီး မင်္ဂလာများသည် ခရစ်တော်၏ ဝိညာဉ်ရေးရာ နယ်ပယ်မှလာသည်။ ထိုအရာများသည် ဘုရားမ အာတေမိ (goddess Artemis) ၏ မြေကြီးနှင့်ဆိုင်သော နယ်ပယ်မှလာခြင်း မဟုတ်ပါ။ ကောင်းကင်အရပ်နှင့် ပတ်သက်သော ဖော်ပြချက်များကို ၁း၂၀၊ ၂း၆၊ ၃း၁၀ တို့၌လည်း တွေ့နိုင်ပါသည်။ ထိုကျမ်းများ၌ ခရစ်တော်၏ အောင်မြင်မှုများနှင့် အုပ်စိုးသူ အားလုံးတို့ထက် ခရစ်တော်၏ ကြီးမြတ်မှုများကို ဖော်ပြထားသည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.