❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၁
၁း၅ “ရှေးမဆွက ခွဲခန့် မှတ်သားတော် မူသော” အရာ၏ ဆိုလိုချက်မှာ ကယ်တင်ခြင်းသည် ဘုရားသခင်၏ လုပ်ဆောင်ချက် သက်သက်သာဖြစ်ပြီး ကျွန်ုပ်တို့၏ လုပ်ဆောင်ချက် မဟုတ်ပေ။ ဘုရားသခင်၏ သူ၏ အတိုင်းအဆ မရှိသော မေတ္တာအားဖြင့် ကျွန်ုပ်တို့အား သူ၏ သားသမီးများအဖြစ် မွေးစားခဲ့သည်။ ယေရှု၏ အသေခံခြင်း အားဖြင့် ကျွန်ုပ်တို့အား သူ၏မိသားစု အတွင်းသို့ ယူဆောင်ခဲ့ပြီး ယေရှုရှင်နှင့် အတူတကွ သူ၏ အမွေကို ခံစေခဲ့သည် (ရော ၈း၁၇)။ ရောမတို့၏ ဥပဒေအရ မွေးစားသားသမီးတို့သည် သားသမီးအရင်းများ ကဲ့သို့ပင် အကျိုးခံစားခွင့် ရှိသည်။ ယခင်က သူသည် ကျွန်ဖြစ်ခဲ့သော်လည်း မွေးစားခြင်းကို ခံရလျှင် သားသမီး အခွင့်အရေးကို ခံစားခွင့်ရှိသည်။ ရှင်ပေါလုမှ ထိုကဲ့သို့ပြောဆို သုံးနှုန်းရခြင်းမှာ ဘုရားသခင်နှင့် ကျွန်ုပ်တို့၏ ဆက်ဆံရေး မည်မျှ ခိုင်မာမှု ရှိကြောင်းကို ပြသလို၍ ဖြစ်သည်။ သင်သည် ဘုရားသခင်နှင့် ထိုကဲ့သို့သော မေတ္တာနှင့် ပြည့်ဝသည့် ဆက်ခံမှု ရှိပါသလား။ မွေးစားခြင်း၏ အဓိပ္ပါယ်ကို ဂလာတိ ၄း၅-၇ ၌ အကျယ်တဝင့် ဖော်ပြထားသည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯