❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၁
၁း၇-၈ ဘုရားသခင်သည် ကျွန်ုပ်တို့အပေါ်၌ သူ၏ ကြင်နာခြင်း မိုးကို ရွာသွန်းပေးခဲ့သည်။ ယင်းကို ဘုရားသခင်၏ မေတ္တာဟုလည်းခေါ်သည်။ ယင်းသည် ကယ်တင်ခြင်းကို ခံရသော သူများအား ဘုရားသခင်မှ လိုလိုလားလား မေတ္တာဖြင့်ပေးသော အရာလည်း ဖြစ်သည်။ ကျွန်ုပ်တို့သည် ကယ်တင်ခြင်း ရရှိရန် မလုပ်ဆောင်နိုင်ပါ။ ထိုကယ်တင်ခြင်းကို မခံထိုက်ပါ။ မည်သည့်ဘာသာရေး၊ ဥာဏ်ပညာ၊ အကျင့်တရားကမျှ ကယ်တင်ခြင်းကို ရရှိရန် မလုပ်ဆောင်နိုင်ပါ။ အဘယ်ကြောင့်ဆိုသော် ကယ်တင်ခြင်းသည် ဘုရားသခင်၏ ချစ်ခြင်းမေတ္တာ အားဖြင့်သာ ရရှိနိုင်ပါသည်။ ဘုရားသခင်၏ မေတ္တာတော်အားဖြင့် မဟုတ်ခဲ့လျှင် မည်သူမျှ ကယ်တင်ခြင်းကို မရရှိနိုင်ပါ။ ကယ်တင်ခြင်းကို ရရှိရန်အတွက် ကျွနု်ပ်တို့သည် မိမိကိုယ်ကိုမိမိ မကယ်တင်နိုင်ကြောင်း၊ ဘုရားသခင်ကသာ ကျွန်ုပ်တို့ကို ကယ်တင်နိုင်ကြောင်း၊ ခရစ်တော်အား ယုံကြည်ခြင်း ဟူသော နည်းလမ်းအားဖြင့်သာ ထိုမေတ္တာနှင့် ကယ်တင်ခြင်းကို ရရှိနိုင်ကြောင်း ဝန်ခံရပေမည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯