❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၁

၁း၇ ပထမရာစုနှစ်များ၌ ‘ခရစ်တော်၏ အသေခံခြင်းကို’ ပြောဆိုရည်ညွှန်း လိုသောအခါ “ယေရှု၏အသွေး” ဟု သုံးနှုန်းလေ့ရှိသည်။ သူ၏ အသေခံခြင်းသည် ရွေးနှုတ် ကယ်တင်ခြင်းနှင့် အပြစ်လွှတ်ခြင်း တည်းဟူသော အမှန်တရား နှစ်ခုကို ထောက်ပြသည်။ ရွေးနှုတ်ကယ်တင်ခြင်းသည် ကျွန်ဘဝမှ လွတ်မြောက်ရန် အတွက် ပေးရသော အဖိုးအခဖြစ်သည်။ (ဝတ်ပြုရာ ၂၅း၄၇-၅၄) ယေရှုသည် သူ၏အသေခံခြင်းအားဖြင့် ကျွန်ုပ်တို့အား အပြစ်၏ ကျွန်အဖြစ်မှ လွတ်မြောက်စေသော အဖိုးအခကို ပေးခဲ့သည်။ ဓမ္မဟောင်း အချိန်ကာလ၌ တိရစ္ဆာန်တို့၏ အသွေးကို သွန်းခြင်းအားဖြင့် အပြစ်လွှတ်ခြင်းကို တည်စေခဲ့သည် (ဝတ်ပြုရာ ၁၇း၁၁)။ ယခုအချိန်၌ ယေရှု၏ အသွေး သွန်းခြင်းဖြင့် ကျွန်ုပ်တို့သည် အပြစ်လွှတ်ခြင်းကို ရခဲ့သည်။ ယေရှုသည် ပြီးပြည့်စုံသော၊ နောက်ဆုံးသော ယဇ်ကောင်အဖြစ် အသေခံခဲ့သည် (ရောမ ၅း၉၊ ဧဖက် ၂း၁၃၊ ကောလောသဲ ၁း၂၀၊ ဟေဗြဲ ၉း၂၂၊ ၁ ပေ ၁း၁၉)။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.