❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၁
၁း၁၃-၁၄ သန့်ရှင်းသော ဝိညာဉ်တော်သည် ဘုရားသခင်၏ အာမခံချက်ဖြစ်သည်။ ထိုအာမခံချက်မှာ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် သက်ဆိုင်ပြီး ဘုရားသခင်သည် သူ၏ ကတိတော်အတိုင်း လုပ်ဆောင်လိမ့်မည်။ စားရန် (စရန်) ငွေ (Deposit) ပေးခြင်းသည် အရောင်းအဝယ် တစ်စုံတစ်ခု အမှန်တကယ်ဖြစ်မည့် သဘောတူညီချက် လက်မှတ်ေ ရေးထိုးခြင်း ဖြစ်သည်။ သန့်ရှင်းသော ဝိညာဉ်တော်ကို ကျွန်ုပ်တို့အား ပေးခြင်းသည် ကျွန်ုပ်တို့အား အမှန်တကယ် ဝယ်ယူကယ်တင်မည့် ဘုရားသခင်၏ ကတိပေးခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အတွင်း၌ သန့်ရှင်းသော ဝိညာဉ်တော် တည်ရှိခြင်းသည် ကျွန်ုပ်တို့၏ ယုံကြည်ခြင်းသည် စစ်မှန်ခြင်း၊ ဘုရားသခင်၏ သားသမီးများ ဖြစ်ကြောင်း သက်သေပြခြင်း၊ ထာဝရအသက်တာ ရရှိရန် ကျွန်ုပ်တို့အတွက် လုံခြုံ စိတ်ချခြင်းကို ဖြစ်စေသည်။ ကျွန်ုပ်တို့ အတွင်း၌ လုပ်ဆောင်လျက်ရှိသည့် သူ၏ တန်ခိုးတော်သည် ကျွန်ုပ်တို့အား ပြောင်းလဲမှုကို ဖြစ်စေပြီး ကျွန်ုပ်တို့ လက်ရှိခံစားနေရသော အရာသည် ထာဝရကာလ၌ ခံစားရမည့် အလုံးစုံ ပြောင်းလဲခြင်းအရာ၏ ကနဦးအရသာဖြစ်သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯