❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၁

၁း၂၂-၂၃ ခရစ်တော်သည် အသင်းတော်အား ဝိညာဉ်ဆုကျေးဇူး၊ ကောင်းကြီးမင်္ဂလာများဖြင့် ပြည့်စေသည်။ အသင်းတော်သည် ခရစ်တော်၏ အသွင်ကို အပြည့်အဝ ဆောင်ရမည် (၃း၁၉)။ ဧဖက်ကျမ်းကို ဖတ်သောအခါ၌ ဤကျမ်းသည် လူတစ်ဦးတစ်ယောက်အား ရည်ညွှန်းရေးသား ထားခြင်းမဟုတ်ဘဲ အသင်းတော်ကို ရည်ညွှန်းထားကြောင်း သတိရ ရမည်။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်ပြီး ကျွန်ုပ်တို့သည် အသင်းတော်၏ ခန္ဓာကိုယ် အစိတ်အပိုင်းများဖြစ်သည် (ရောမ ၁၂း၎-၅၊ ၁ ကော ၁၂း၁၂-၂၇၊ ကောလောသဲ ၃း၁၅)။ ခန္ဓာကိုယ်၏ သဏ္ဍာန်သည် အသင်းတော်၏ စည်းလုံးမှုကိုပြသည်။ အသင်းဝင် တစ်ဦးစီသည် အခြားသောသူများနှင့် အတူတကွ ခရစ်တော်၏ လုပ်ငန်းဆောင်တာများကို ကမ္ဘာပေါ်၌ လုပ်ဆောင်သည်။ ကျွန်ုပ်တို့သည် မိမိတို့ကိုယ်တိုင် လုပ်ဆောင်ခြင်း၊ အစေခံခြင်း၊ ကိုးကွယ်ခြင်းများတို့ကို တစ်ကိုယ်တော် မလုပ်ဆောင်သင့်ပါ။ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများ၌ အင်္ဂါအားလုံး ပါဝင်ရန်လိုအပ်သည်။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.