❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၂

၂း၎-၅ ရှင်ပေါလုသည် ပြီးခဲ့သော ကျမ်းပိုဒ်များ၌ အပြစ်နှင့် ပြည့်ဝသည့် ကျွန်ုပ်တို့၏ လူဟောင်းအကြောင်းကို ရေးခဲ့သည် (၂း၁-၃)။ ဤကျမ်းများ၌ ရှင်ပေါလုက အဓိကရေးသားထား လိုသည်မှာ ကျွန်ုပ်တို့၏ အပြစ်၏ တန်ခိုးအောက်၌ ဆက်လက်၍ အသက်ရှင်ရန် မလိုအပ်ပါ။ ကျွန်ုပ်တို့ အပေါ်၌ရှိသည့် အပြစ်၏ အဖိုးအခနှင့် တန်ခိုးအား ခရစ်တော်က ကားတိုင်တော်၌ အံ့သြဖွယ် ကောင်းစွာ ချိုးဖျက်ပြီး ဖြစ်သည်။ ခရစ်တော်ကို ယုံကြည်ခြင်းဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ ရှေ့တော်၌ အပြစ်လွှတ်လျက်ရှိသည် (ရောမ ၃း၂၁-၂၂)။ ယုံကြည်သူ ဖြစ်လာသည်နှင့် ဘုရားသခင်သည် ကျွန်ုပ်တို့အား စက်ရုပ်ကဲ့သို့ မပြောင်းလဲပစ်ပါ။ ဤလောကကြီးမှလည်း ဆွဲမထုတ်သွားပါ။ ကျွန်ုပ်တို့သည် အပြစ်ပြုလိုစိတ် ရှိနေဦးမည်၊ အပြစ်ပြုမိသော အခါများလည်း ရှိပေလိမ့်မည်၊ ကွဲပြားသောအရာမှာ ကျွန်ုပ်တို့သည် ခရစ်ယာန်မဖြစ်မီ အပြစ်တရား၏ အောက်၌ သေဆုံးကြပြီး အပြစ်တရား၏ ကျေးကျွန် ဖြစ်နေခဲ့သည်။ သို့သော် ယခုအချိန်၌ ကျွန်ုပ်တို့သည် ခရစ်တော်၌ အသက်ရှင်သောသူများဖြစ်ကြသည် (ဂလာတိ ၂း၂၀)။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.