❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၂

၂း၆ ခရစ်တော်သည် ရှင်ပြန်ထမြောက်တော် မူသောကြောင့် ကျွန်ုပ်တို့၏ ခန္ဓာသည်လည်း သေခြင်းမှ ထမြောက်မည်ကို ကျွန်ုပ်တို့သည် သိရှိကြသည် (၁ ကော ၁၅း၂-၂၃)။ ထို့အပြင် ခရစ်ယာန်ကဲ့သို့ အသက်ရှင်နိုင်သော တန်ခိုးကိုပေးခဲ့သည် (၁း၁၉)။ ထိုအတွေးအခေါ်များသည် ရှင်ပါလု၏ ခရစ်တော်နှင့် အတူတကွ ကောင်းကင်နိုင်ငံတော်၌ အတူနေထိုင်ခြင်းကို ပုံဖော်ပေးသည် (၁း၃)။ ကျွန်ုပ်တို့သည် ခရစ်တော်နှင့်အတူ ထာဝရ အသက်ရှင်ရန် သေချာမှုရှိသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ခရစ်တော်၏ တန်ခိုးကြီးမားလှသော အောင်မြင်ခြင်းအားဖြင့် သူနှင့် ဆုံဆည်းရခြင်းဖြစ်သည်။

၂း၈-၉ သင်အား လူတစ်ဦးမှ လက်ဆောင်တစ်ခုကို ပေးလျှင် “လက်ဆောင်က သိပ်ကောင်းတာဘဲ၊ ဘယ်လောက်တန်ဖိုးငွေကို ပြန်ပေးရမလဲ” ဟု မေးလေ့မရှိပါ။ “ကျေးဇူးတင်ပါတယ်” ဟုသာ ပြန်ဖြေလေ့ရှိသည်။ ထိုနည်းတူစွာ ခရစ်ယာန်မျာအတွက် ကယ်တင်ခြင်း လက်ဆောင်ကို ပေးထားပြီးဖြစ်သော်လည်း လူတို့သည် ဘုရားသခင်ထံသို့ ရောက်ရန် လုပ်ဆောင်မှုတစ်ခုခုကို လုပ်ဆောင်ရမည်ဟု ခံစားရတတ်သည်။ ကျွန်ုပ်တို့၏ ကယ်တင်ခြင်း၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်းတို့သည် လက်ဆောင်များ ဖြစ်သောကြောင့် ကျွန်ုပ်တို့သည် ကျေးဇူးတင်ခြင်း၊ ကျေနပ်ခြင်း၊ ဝမ်းမြောက်ခြင်းတို့ဖြင့်သာ တုံ့ပြန် ခံယူသင့်သည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.