❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၁

၁း၁ ရှင်ပေါလုသည် ခရစ်ယာန် ဘာသာဝင် ဖြစ်လာသည်မှာ နှစ်ပေါင်း ၃၀ ခန့်ရှိပြီဖြစ်သည်။ သူသည် သာသနာ ခရီးစဉ် သုံးကြိမ်ပြုခဲ့ပြီး မြေထဲပင်လယ် (Mediterranean) ဒေသ၌ အသင်းတော်များကို တည်ထောင်ခဲ့ပါသည်။ ဧဖက်ဩဝါဒစာ (Ephesians) ကို ရေးသားချိန်၌ သူသည် ရောမမြို့ (Rome) ၌ အကျဉ်းချခံနေရသည် (တမန် ၂၈း၁၆)။ သူသည် အကျဉ်းသား ဖြစ်ခဲ့သော်လည်း ဧည့်သည်များကို တွေ့ဆုံခြင်း၊ စာရေးသားခြင်းတို့ကို လွတ်လပ်စွာ လုပ်ဆောင်ခွင့် ရှိခဲ့ပါသည်။

၁း၁ ဧဖက်မြို့ (Ephesus) သည် ရောမအင်ပါယာ (Roman Empire) ၌ အဓိကကျသောမြို့ ၅ (ငါး) မြို့၌ တမြို့အပါအဝင် ဖြစ်သည်။ အခြားမြို့များမှာ ရောမမြို့ (Rome)၊ ကောရိ န္တု မြို့ (Corinth)၊ အလက်စန္ဒြီးယားမြို့ (Alexandria) တို့ဖြစ်သည်။ ရှင်ပေါလု၏ ဒုတိယသာသနာ ခရီးစဉ်၌ ဧဖက်မြို့သို့ လည်ပတ်ခဲ့သည် (တ ၁၈း၁၉-၂၁)။ တတိယ သာသနာ့ ခရီးစဉ်၌ ထိုမြို့တွင် သုံးနှစ်နေထိုင်ခဲ့သည် (တ ၁၉)။ ထိုနောက်တွင် ရှင်ပေါလုသည် ဧဖက်အသင်းတော်မှ လူကြီးများနှင့် မိလက်မြို့ (Miletus) တွင် တွေ့ဆုံခဲ့သည် (တ ၂၀း၁၆-၃၈)။ ဧဖက်မြို့သည် အာရှမိုင်းနား (Asia Minor) ဒေသ၌ စီးပွားရေး၊ နိုင်ငံရေး၊ ဘာသာရေးတို့၌ အချက်ကျသော မြို့ဖြစ်ခဲ့သည်။ ဂရိလူမျိုး (Greek) တို့၏ ဘုရားမ အာတေမိ (goddess Artemis) ၏ ဗိမာန် (Temple) သည် ဤမြို့၌ရှိသည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.