❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯


« « မာတိကာ Table of Contents

ရှင်ယောဟန်ခရစ်ဝင်ကျမ်း John

အခန်းကြီး ၂

၂း၁၄ ဗိမာန်တော် အခွန်ကို ဧည့်သည်များသည် ထိုဒေသ၌ သုံးသောငွေဖြင့်သာ ပေးရသောကြောင့် သူတို့သည် ထိုဒေသ သုံးငွေများကို လဲရသည်။ ငွေလဲသော သူတို့သည် ထိုဒေသ သုံးငွေများကို ဈေးနှုန်း အဆမတန်မြင့်ကာ လဲပေးသည်။ လူတို့သည် သူတို့ အပြစ်များအတွက် ယဇ်ပူဇော် (Offer) ရသည်။ ခရီးဝေးမှ လာရသောကြောင့် လူများစုမှာ မိမိတို့၏ ယဇ်ကောင်များကို မယူလာနိုင်။ ယူဆောင်လာသော တိရစ္ဆာန်များ မှာလည်း ပြည့်စုံခြင်း မရှိသောကြောင့် ယဇ်ကောင်အဖြစ် အသုံးမပြုနိုင်။ ထို့ကြောင့် တိရစ္ဆာန် ရောင်းသောသူများ၏ စီးပွားရေးသည် ဗိမာန်တော်၌ လွန်စွာကောင်းလေ့ရှိသည်။ ဗိမာန်တော်၌ ယဇ်ပူဇော်နိုင်သော တိရစ္ဆာန်တို့၏ ရောင်းဈေးသည် အခြားနေရာ၌ရှိသော တိရစ္ဆာန်တို့၏ ရောင်းဈေးထက် မြင့်သည်။ ယေရှုသည် ငွေကြေးလဲလှယ်သူ ကုန်သည်တို့၏ မရိုးသားမှု၊ လောဘကြီးမှု တို့အပေါ် ဒေါသထွက်ခဲ့သည် ထိုသူတို့ ဗိမာန်တော်၌ ရှိခြင်းကို အထူးသဖြင့် မနှစ်သက်ပေ။ ထိုသူတို့သည် ဘုရားသခင်အား ဝတ်ပြုရာ ဗိမာန်တော်ကို မထီလေးစား ပြုနေခြင်းဖြစ်သည်။

Continue… »»


❮ Prev . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ဧဖက်ဩဝါဒစာ ရှင်ယာကုပ် Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.