❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၂

၂း၁၉-၂၂ ဘုရားကျောင်း အဆောက်အဦးကို ဘုရားသခင်၏ အိမ်တော်ဟု ခေါ်လေ့ရှိသည်။ အမှန်အားဖြင့် ဘုရားသခင်၏ အိမ်တော်သည် အဆောက်အဦး မဟုတ်ဘဲ ယုံကြည်သူ လူတစ်စုဖြစ်သည်။ သူသည် ကျွန်ုပ်တို့ အတွင်း၌နေပြီး ကျွန်ုပ်တို့အားဖြင့် ကမ္ဘာကြီးအား သူ့ကို မြင်စေသည်။ ကျွန်ုပ်တို့သည် တစ်ဦးနှင့်တစ်ဦး သင့်မြတ်စွာ နေထိုင်ကြသောအခါ ဘုရားသခင် မိန့်မှာခဲ့သော စကားအတိုင်း အသက်ရှင်ကြသော အခါမှသာ ဘုရားသခင်သည် မေတ္တာရှင်ဖြစ်ကြောင်း၊ ခရစ်တော်သည် အရှင်သခင် ဖြစ်ကြောင်းကို လူတို့သည် သိမြင်နိုင်သည်။ ကျွန်ုပ်တို့သည် ဘုရားသခင်၏ နိုင်ငံတော်၌ နိုင်ငံသားများ ဖြစ်ကြပြီး သူ၏ အိမ်တော်သားများလည်း ဖြစ်ကြသည်။

၂း၂၀ တမန်တော် (Apostle)၊ ပရောဖက် (Prophet) တည်းဟူသော တိုက်မြစ်ပေါ်၌ ထပ်ဆင့်၍ တည်ဆောက်ခြင်း၏ ဆိုလိုချက်မှာ အသင်းတော်သည် ခေတ်မှီ အတွေးအခေါ်များ အပေါ်၌ တည်ဆောက်ခြင်း မဟုတ်ဘဲ ကမဦး တမန်တော်များ၊ ပရောဖက်များ၏ ဝိညာဉ်ရေးရာ အမွေပေါ်၌သာ တည်ဆောက်ရသည်။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.