❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၃
၃း၂-၃ ရှင်ပေါလု၏ ကျေးဇူးတော် သာသနာသည် ရှင်ပေါလုမှ အထူး အစေခံမှု၊ ယုံကြည်မှု၊ ကြိုးစား လုပ်ဆောင်မှုကို ရည်ညွှန်းသည်။ သူအား တပါးအမျိုးသားများကို သတင်းကောင်း ပြောကြားရန် တာဝန်ပေးခဲ့သည်။ ထိုကြီးမြတ်သော သာသနာပြု လုပ်ငန်းစဉ်ကို ပေါလုအား ဖော်ပြခဲ့သည်။
၃း၅-၆ ဘုရားသခင်၏ အစီအစဉ်ကို ရှေးမျိုးနွယ်စုများအား မဖော်ပြခဲ့ခြင်းမှာ သူ၏ လူမျိုးများအား မသိစေလို၍ မဟုတ်ဘဲ သူ၏ အချိန်ကျရောက်သောအခါ၌ လူတိုင်းတို့အား ဖော်ပြလို၍ ဖြစ်သည်။ ဘုရားသခင်၏ အစီအစဉ်မှာ ဂျူးလူမျိုးများနှင့် တပါးအမျိုးသားတို့သည် တစ်ခုတည်းသော ခန္ဓာဖြစ်သည်။ အသင်းတော်၌ ပါဝင်စေရန် ဖြစ်သည်။ ဓမ္မဟောင်းကျမ်း၌ တပါးအမျိုးသားတို့သည် ကယ်တင်ခြင်းကို ရရှိမည် (ဟေရှာယ ၄၉း၆) ဟု ဖော်ပြထားသည်။ သို့သော် ထိုလူမျိုး နှစ်မျိုးတို့သည် ခရစ်တော်၏ ခန္ဓာ၌ တညီတညွတ်တည်း ရှိလိမ့်မည်ကို ဓမ္မဟောင်းကျမ်း၌ ဖော်ပြထားခြင်း မရှိပါ။ ယေရှုသည် မာန်မာန တံတိုင်းကို ချိုးဖျက်၍ ‘လူသစ်တစ်ဦး’ ကို ဖန်ဆင်းသောအခါ၌ ထိုလူမျိုးနှစ်မျိုးတို့သည် တပြေးညီ ဖြစ်လာခဲ့သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯