❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၃
၃း၇ ရှင်ပေါလုသည် သတင်းကောင်းကို စတင် ဟောပြောသောအခါ၌ ဘုရားသခင်သည် သူ့အား ထိရောက်စွာ ပြောဆိုနိုင်သော အရည်အသွေးကို ပေးခဲ့သည်။ သင်သည် တမန်တော် ဧဝံဂေလိဆရာ (Evangelist) မဟုတ်သော်လည်း ဘုရားသခင်သည် သင့်အား ခရစ်တော် အကြောင်းကို ပြောနိုင်မည့် အခွင့်အရေးများကို ပေးလိမ့်မည်။ ထိုအခွင့်အရေးများနင့်အတူ သင့်အား အရည်အသွေး၊ ခွန်အား၊ တန်ခိုးတို့ကို ပေးလိမ့်မည်။ သင်သည် အခွင့်အရေး ရသည့် အခါတိုင်း၌ ဘုရားသခင်အား အစေခံနိုင်ရန် အဆင်သင့်ပြင်ပါ။ အခြားသူများ၏ လိုအပ်ချက်များ အပေါ်၌ သင်သည် အာရုံစိုက်သည်နှင့်အမျှ ဘုရားသခင်သည် သင်၏ ကူညီလိုသော စိတ်နှင့် ဆက်သွယ်မှုကို ပြုပေးလိမ့်မည်။ သင်၏ ပြောကြားချက် များသည် သဘာဝကျပြီး မေတ္တာ၊ ကရုဏာတို့ဖြင့် ပြည့်ဝနေပေလိမ့်မည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯