❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၃

၃း၈ ‘ဘုရားသခင်၏ အငယ်ဆုံးသော သူထက်သာ၍ ငယ်သောသူ’ ဟု ရှင်ပေါလုက မိမိကိုယ်ကို ပြောခဲ့ ခြင်းသည် ဘုရားသခင်၏ အကူအညီ မပါရှိလျှင် သူသည် ဘုရားသခင်၏ လုပ်ငန်းများကို မည်သို့မျှ လုပ်ဆောင်နိုင်မည် မဟုတ်ဟု ဆိုလိုသည်။ ဘုရားသခင်က သတင်းကောင်းကို တပါးအမျိုးသားတို့အား ပြောဟောရန်အတွက် ရှင်ပေါလုအား ရွေးချယ်ခဲ့သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် စွမ်းအားကိုလည်း ပေးခဲ့သည်။ ကျွန်ုပ်တို့သည် သေးငယ်သော လုပ်ဆောင်မှုကိုသာ ဆောင်ရွက်နိုင်သည်ဟု ခံစားရလျှင် ထိုသို့ ခံစားရမှုသည် မှန်ကန်မှုရှိမည် ဖြစ်သော်လည်း ဘုရားသခင်သည် ထိုသေးငယ်သော အမှုကို အခြေပြု၍ ကြီးစွာသော အမှုတို့ကို ဆောင်ရွက်စေနိုင်ကြောင်းကို သတိရပါ။ သင်သည် ဘုရားသခင်၏ တန်ခိုးကို ရယူ၍ သင် လုပ်ဆောင်ဖွယ်ရာများကို လုပ်ဆောင်ပြီး ဘုရားသခင်က သင့်ကို လုပ်စေလိုသောအရာကို သစ္စာရှိစွာဖြင့်လုပ်ဆောင်ပါ။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.