❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၃

၃း၁၃ ရှင်ပေါလု၏ ဒုက္ခခံစားရမှုများသည် ဧဖက်မြို့ (Ephesus) သားများအား အဘယ်ကြောင့် ဂုဏ်ယူဖွယ်ရာ၊ ခွန်အားဖြစ်စေပါသနည်း၊ အကယ်၍ ရှင်ပေါလုသည် သတင်းကောင်းကို မပြောခဲ့လျှင် သူသည် အဖမ်းခံရမည် မဟုတ်ပါ။ ထိုအခါ၌ ဧဖက်မြို့သားများသည် ထိုသတင်းကောင်းကို မကြားနိုင်သကဲ့သို့ ပြောင်းလဲကြမည်လည်း မဟုတ်ပါ။ မိခင်သည် နာကြင်စွာ ခံစား၍ အသက်တာ အသစ်တစ်ခုကို မွေးသကဲ့သို့ ရှင်ပေါလုသည်လည်း နှိပ်စက်ခြင်းကို ခံလျက် ခရစ်တော်ထံသို့ အသစ်သော ယုံကြည်သူများကို ယူဆောင်ပေးခဲ့သည်။ ခရစ်တော်အား နာခံခြင်းသည် မည်သို့သောအခါ၌မျှ လွယ်ကူမှုမရှိပါ။ သူသည် သင့်အား မိမိ၏ ကားတိုင် (Cross) ကိုထမ်းလျက် သူ၏နောက်တော်သို့ လိုက်ရန် ခေါ်လျက်ရှိသည် (မဿဲ ၁၆း၂၄)။ ဆိုလိုသည်မှာ သင်၏ အနစ်နာခံမှု ခက်ခဲမှုများဖြင့် ဘုရားသခင်၏ ကယ်တင်ခြင်း သတင်းသည် ကမ္ဘာအနှံ့သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။ အခြားသူများလည်း ကျွန်ုပ်တို့အတွက် အနစ်နာခံခဲ့ခြင်း၊ ဆက်ကပ် အပ်နှံခဲ့ခြင်းတို့ကြောင့်သာ ကျွန်ုပ်တို့သည် ယခုအချိန်၌ အကျိုးကို ခံစားနေရသည်ကို သိရှိပြီး ဂုဏ်ယူပါ။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၃ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.