❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၃
၃း၁၉ ‘ပြည့်စုံတော်မူခြင်း’ သည် ခရစ်တော်၌သာ ဖြစ်ရသည် (ကောလောသဲ ၂း၉-၁၀)။ ခရစ်တော်ကို လက်ခံပြီး ဝိညာဉ်တော်၏ တန်ခိုးကို ခံယူခြင်းဖြင့် ကျွန်ုပ်တို့သည် ပြည့်စုံခြင်းသို့ ရောက်သည်။ ထိုပြည့်စုံ ခြင်းသည် ကျွန်ုပ်တို့အတွက် အဆင်သင့် ရှိသည်။ ယုံကြည်ခြင်း၊ ဘုရားရှင်အတွက် နေ့စဉ် အသက်ရှင်ခြင်း၊ ဆုတောင်းခြင်းတို့ အားဖြင့် ရယူနိုင်သည်။ ဧဖက်မြို့သားများအတွက် ရှင်ပေါလု၏ ဆုတောင်းချက်သည် သင့်အတွက်လည်း ဖြစ်သည်။ သင်၏ အသက်တာတွင် နေရာတိုင်း၌ ပြည့်စုံခြင်းရှိရန် သန့်ရှင်းသော ဝိညာဉ်တော်ဘုရားထံ တောင်းခံပါ။
၃း၂၀-၂၁ ဘုရားသခင်အား ချီးမွမ်းခြင်း ဆုတောင်းခြင်းဖြင့် ဧဖက်ကျမ်း ပထမပိုင်းကို အဆုံးသတ်ထားသည်။ ပထမပိုင်း၌ ရှင်ပေါလုသည် အသင်းတော်၏ အခန်းကဏ္ဍကို ဖော်ပြခဲ့သည်။ ဒုတိယပိုင်း၌ (အခန်းကြီး ၄-၆) ဘုရားသခင် လိုလားသော စည်းလုံးခြင်းကို ဖော်ဆောင်ရန် အတွက် အသင်းဝင်တို့ အနေဖြင့် မည်သို့ အသက်ရှင် ရမည်ကို ရှင်းပြထားသည်။ ရှင်ပေါလုသည် သူ၏ အခြားသော စာစောင်များ၌ ကဲ့သို့ပင် အခြေခံ ယုံကြည်ချက်များကို ဖော်ပြပြီး ထိုအမှန်တရားများကို လက်တွေ့ကျကျ အသုံးပြုမှုတို့ကို ဖော်ပြထားသည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ . . . ရှင်ယာကုပ်ဩဝါဒစာ Next ❯