❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၄ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၎

၎း၂ ဤကမ္ဘာ၌ မည်သူမဆို ပြီးပြည့်စုံသောသူ ရှိလိမ့်မည် မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့သည် အခြားသော ခရစ်ယာန်များ အပေါ်၌ အပြစ်မမြင်ဘဲ ချစ်ခြင်းမေတ္တာဖြင့် လက်ခံကြရမည် ဖြစ်သည်။ ယုံကြည်သူ အချင်းချင်း၏ အပြစ်ကို ကျွန်ုပ်တို့သည် မြင်သောအခါ၌ သည်းခံခြင်း၊ စိတ်ရှည်ခြင်း ရှိရမည်။ အခြားသူ တစ်ဦး၏ လုပ်ဆောင်မှု၊ အကျင့်စရိုက်ကြောင့် စိတ်အနှောက်အယှက် ဖြစ်နေရပါသလား။ အခြားသူများ၏ အားနည်းချက် အပြစ်များ အပေါ်၌သာ သင်သည် တဝဲလည်လည် ဖြစ်မနေသင့်ပါ။ ထိုသူတို့အတွက် ဆုတောင်းပေးပါ။ ထိုသူတို့နှင့်အတူ မိတ်သဟာယ ပြုပြီး ထိုသူတို့၏ ကြိုက်နှစ်သက်နိုင်မည့် နည်းလမ်းကိုရှာဖွေပါ။

၎း၃ သန့်ရှင်းသော ဝိညာဉ်တော်သည် အသင်းတော်တွင် စည်းလုံးမှု တည်ဆောက်ရာ၌ အရေးပါသော အခန်းမှ ပါဝင်သည်။ သန့်ရှင်းသော ဝိညာဉ်တော်မှ ခေါင်းဆောင်မှုကို ပေးသော်လည်း ကျွန်ုပ်တို့သည် ထိုခေါင်းဆောင်မှုကို ခံယူလိုသော စိတ်၊ အသင်းတော်တွင်း ငြိမ်းချမ်းမှုကို ဖော်ဆောင် လိုသောစိတ် ရှိရမည်။ ထိုသို့ ဖော်ဆောင်ရန်အတွက် ကျွန်ုပ်တို့သည် မိမိကိုယ်ကို မိမိအာရုံပြု ခြင်းထက် ဘုရားသခင်အား အာရုံပြုခြင်း အားဖြင့်သာ ဖြစ်ပေါ်နိုင်သည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၄ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.