❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၎
၎း၁၁ ခရစ်တော်၌ တလုံးတဝ ရှိခြင်းသည် ကျွန်ုပ်တို့ တစ်ဦးစီ၏ တည်ရှိနေမှုကို ပယ်ဖျောက်ခြင်း မဟုတ်ပါ။ သန့်ရှင်းသော ဝိညာဉ်တော်သည် ခရစ်ယာန် တစ်ဦးစီအား အသင်းတော်ကို တည်ဆောက်ရန်အတွက် အထူး ဆုကျေးဇူးများကို ပေးခဲ့သည်။ ထိုဆုကျေးဇူးများကို လက်ခံရရှိသော သူများအနေဖြင့် ယင်းတို့ကို အသုံးပြုရန် အလွန်အရေးကြီးသည်။ သင်သည် ဝိညာဉ်ရေးရာ၌ ပြည့်ဝပြီး သင်အား ဘုရားသခင်က ပေးသော ဆုကျေးဇူးများကို အသုံးပြု ပါသလား။ ထို ဆုကျေးဇူးများကို သင်သည် သိရှိလျှင် ယင်းတို့ကို အသုံးချနိုင်မည့် အခွင့်အလမ်းများကို ရှာဖွေပါ။ သင်၌ မည်သည့် ဆုကျေးဇူးများ ရှိသည်ကို မသိရှိလျှင် ဘုရားသခင်အား ဖော်ပြစေပါ။ ထိုအရာများကို အသင်းတော် ခေါင်းဆောင်များ၊ ခရစ်ယာန် မိတ်ဆွေများမှ တစ်ဆင့် ကူညီ ဖော်ပြနိုင်သည်။ ထို့နောက်တွင် သင် သိမြင်လာသောအခါ သင်၌ရှိသည့် အထူးသော ဆုကျေးဇူးကို အသုံးပြုနိုင်သည့် အခန်းကဏ္ဍတွင် သင်သည် လုပ်ဆောင်ခြင်းဖြင့် အသင်းတော်အား ခိုင်မာအားဖြည့်စေပါ။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯