❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၎
၎း၁၂-၁၃ ဘုရားသခင်သည် သူ၏ အသင်းတော်အား ကြီးမားသည့် တာဝန်ကို ပေးထားသည်။ ယင်းမှာ လူမျိုးတကာတို့အား သူ၏တပည့်ဖြစ်စေရန်ဖြစ်သည် (မဿဲ ၂၈း၁၈-၂၀)။ ထိုသို့ လုပ်ဆောင်ရာ၌ တရားဟောခြင်း၊ သင်ကြားခြင်း၊ ကျမ်းမာစေခြင်း၊ ပြုစုပျိုးထောင်ခြင်း၊ ပေးကမ်းခြင်း၊ စီမံခြင်း၊ တည်ဆောက်ခြင်း စသည်ဖြင့် တာဝန်မြောက်များစွာ ပါဝင်သည်။ ထိုတာဝန်ကို ကျွန်ုပ်တို့ တစ်ဦးချင်း လုပ်ဆောင်သော အခါ၌ ဖြစ်နိုင်ဖွယ် မရှိဟူ၍ ခံစားမိကာ လက်လျှော့မိပေလိမ့်မည်။ သို့သော် ဘုရားသခင်သည် ကျွန်ုပ်တို့အား သူ၏ခန္ဓာ အစိတ်အပိုင်းများအဖြစ် ရွေးကောက်ခဲ့သည်။ လူတစ်ဦး တာဝန်တစ်ခုကိုသာ လုပ်ဆောင်နိုင်မည်။ အခြားသူများတို့သည် အခြားသော တာဝန်များကို လုပ်ဆောင်နိုင်မည်။ တစ်ဦးချင်း မဟုတ်ဘဲ တစ်စုတစ်ဝေးတည်း အားဖြင့်သာ ကျွန်ုပ်တို့သည် ဘုရားသခင်က ပေးအပ်ထားသော တာဝန်ကို လုပ်ဆောင်နိုင်မည် ဖြစ်သည်။ လူတို့၏ အားနည်းချက်မှာ မိမိတို့၏ စွမ်းဆောင်နိုင်မှုကို ရှိသည်ထက် ပို၍ ခန့်မှန်းတတ်ပြီး အစုအဝေးနှင့် လုပ်ဆောင်နိုင်မှုကို လျော့၍ ခန့်မှန်းလေ့ရှိသည်။ ခရစ်တော်၏ ခန္ဓာတော်ဖြစ်သော ကျွန်ုပ်တို့သည် စုစည်းစွာ လုပ်ဆောင်သောအခါ၌ ကျွန်ုပ်တို့ တစ်ဦးတည်း လုပ်ဆောင်မှုထက် ပို၍ အကျိုးသက်ရောက်မှု ရှိနိုင်သည်။ စုစည်းစွာ လုပ်ဆောင်ခြင်း အားဖြင့်သာ အသင်းတော်သည် ခရစ်တော်၏ ပြည့်ဝစုံလင်ခြင်းကို ဖော်ပြနိုင်သည် (၃း၁၉)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯