❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၄ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၎

၎း၁၇-၂၄ လူတို့သည် ခရစ်ယာန်တို့၏ အသက်ရှင်မှုကို ကြည့်ခြင်းအားဖြင့် ခရစ်ယာန် မဟုတ်သော သူတို့နှင့် ကွဲပြားမှုကို တွေ့မြင်နိုင်ရမည်။ ကျွန်ုပ်တို့သည် အလင်းနှင့် ပြည့်ဝစွာ အသက်ရှင်ရမည် (၅း၈)။ ရှင်ပေါလု (Paul) မှ ဧဖက်မြို့သားများ (Ephesians) အား ပြောခဲ့သည်မှာ မြို့သူမြို့သားတို့သည် ခရစ်တော်၏ နောက်တော်သို့ လိုက်သောသူများ ဖြစ်သည့် အားလျော်စွာ သူတို့၏ အပြစ်နှင့် ပြည့်ဝသော ဟောင်းနွမ်းသည့် အသက်တာအား ထားရစ်ခဲ့ရန် ဖြစ်သည်။ ခရစ်ယာန် အသက်တာ၌ အသက်ရှင် ခြင်းသည် ပြောင်းလဲမှု ဖြစ်စဉ် လည်းဖြစ်သည်။ ကျွန်ုပ်တို့သည် ခရစ်တော်၌ အသစ်သော သဘောသဘာဝ ရှိသော်လည်း ကောင်းမွန်သော တွေးခေါ်မှု၊ မှန်ကန်သော ကျင့်ကြံလုပ်ဆောင်မှုတို့သည် ကျွန်ုပ်တို့၌ အလိုအလျောက် မဖြစ်ပေါ်လာပါ။ ဘုရားသခင် ပြောကြားချက်များအား ဆက်လက်၍ နားထောင်သည်နှင့်အမျှ ကျွန်ုပ်တို့သည် အစဉ်အမြဲ ပြောင်းလဲနေပေလိမ့်မည်။ ကုန်လွန်ပြီးသော နှစ်ကာလတို့တွင် သင်၏ တွေးခေါ်မှု အကျင့်လုပ်ဆောင်မှုတို့၌ ကောင်းမွန်သည့် ဘက်သို့ ပြောင်းလဲမှုများကို တွေ့ရပါသလား။ ပြောင်းလဲမှု ဖြစ်စဉ်သည် နှေးကွေးကောင်း နှေးကွေးမည်။ ဘုရားသခင်အား ယုံကြည်ပြီး စိတ်ချမှုရှိပါ။ ပြောင်းလဲမှု ဖြစ်ပေါ်လာပေလိမ့်မည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၄ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.