❮ Prev . . . အခန်း ၄ Next ❯


« « Table of Contents မာတိကာ

ဒုတိယပိုင်း

အခန်း (၄) နှစ်ခြင်းခရစ်ယာန် အသင်းတော်များ
ကျင့်သုံးသော မင်္ဂလာဝတ်

ခ။ ထိမ်းမြားမင်္ဂလာ

(၁) နိဒါန်း

ခရစ်ယာန် အသက်တာတွင် လက်ထပ်ထိမ်းမြားခြင်းသည် ဘုရားသခင် စီမံခန့်ခွဲသော လူမှုအဖွဲ့အစည်း၏ ကျင့်ဝတ်တစ်ပါးဖြစ်သည်။ လက်ထပ်ထိမ်းမြားခြင်း မင်္ဂလာတွင် ဘုရားရှင် ကိုယ်တော်တိုင် ပါဝင်ခြင်းအားဖြင့် ယင်းမင်္ဂလာနှင့် စပ်လျဉ်း၍ မိန့်တော်မူသော စကားများအားဖြင့် ခရစ်ယာန် လက်ထပ်ခြင်းသည် မွန်မြတ်သော အမှုဖြစ်ပေသည်။

ဘုရားသခင်သည် လူအနွယ်ကို ဖြစ်ထွန်းစေရာ၌ ခန္ခာကိုယ် ဆောက်တည်မှု ကွဲပြားခြားနားသော လူနှစ်ယောက်ကို ရွေးချယ်တော်မူခဲ့သည်။ ထိုသူနှစ်ဦးတွေ့ဆုံ၍ မေတ္တာရှိပြီး လက်ထပ်ထိမ်းမြားစေခြင်းဖြင့် တစ်ဦးကိုတစ်ဦး ဖြည့်စွက်ပြည့်စုံ စေတော်မူသည်။ ဤသို့ထိမ်းမြားခြင်းကို ဘုရားသခင်သည် နှစ်သက်၍ ကောင်းချီးပေးတော်မူခဲ့၏။ လင်နှင့်မယား ချစ်ကြသော မေတ္တာမျိုးကို ချစ်ခြင်းမေတ္တာ ဖြစ်တော်မူသော ထာဝရဘုရား ထံတော်မှ ခံယူရရှိကြသည်ဟု ခရစ်ယာန်တို့က အမြဲတစေ ယုံကြည်လက်ခံ ခဲ့ကြသည်။

လင်နှင့်မယားတို့သည် တန်းတူရည်တူဖြစ်၍ တစ်ယောက်ကိုတစ်ယောက် လေးစားရမည်ဖြစ်သည် ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်းသည် အစဉ်တည်မြဲ၍ သေခြင်းမှတစ်ပါး မည်သည့်နည်းနှင့်မျှ မပျက်ပြယ်စေရ။ “ဘုရားသခင် စုံဖက်သောအမှုကို အဘယ်သူမျှ မကွဲကွာစေနှင့်”။ (မာ ၁၀း၉)ဟု ခရစ်တော် မိန့်တော်မူသဖြင့် လင်နှင့်မယား တစ်လုံးတစ်ဝတည်း ဖြစ်ကြောင်းကို အလေးအနက် ဖော်ပြခြင်းဖြစ်သည်။ လင်နှင့်မယားတို့ ထားရှိသော သစ္စာနှင့်မေတ္တာသည် အစဉ်တည်ရမည်။

အရှင်ယေရှုသည် လင်နှင့်မယား ကွာရှင်းခြင်းကို လုံးဝခွင့်မပြုခဲ့ပါ ခရစ်ယာန် လက်ထပ်ထိမ်းမြားခြင်းသည် လင်နှင့်မယားတို့အား တစ်သက်လုံးချည်နှောင်ထားသော ကတိသစ္စာဖြစ်ပေသည် လက်ထပ်သည့်အချိန်တွင် ဆိုရသော ကတိသစ္စာအတိုင်း သေခြင်းမှလွဲ၍ အခြားအဘယ်အရာကမျှ ကတိသစ္စာကို မပယ်ဖျက်နိုင်ချေ။

Continue… »»


❮ Prev . . . အခန်း ၄ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.