❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၄ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၎

၎း၂၆-၂၇ ကျမ်းစာမှ ကျွန်ုပ်တို့ အား အမျက်ဒေါသ မထွက်ရဟု မပြောထားပါ။ သို့သော် အမျက်ဒေါသကို မှန်ကန်စွာ ကိုင်တွယ်တတ်ရန် အရေးကြီးသည်။ အမျက်ဒေါသထွက်သည့်အတိုင်း လုပ်ဆောင်သောအခါ၌ အခြားသူများအား နာကြင်စေမှု၊ ဆက်ဆံရေး ပျက်ပြားမှုများ ဖြစ်ပေါ်ရသည်။ အမျက်ဒေါသကို ကျွန်ုပ်တို့၏ စိတ်အတွင်း၌ ချုပ်တည်းထားသောအခါ၌ ကျွန်ုပ်တို့အား ခါးသီးသောသူများ ဖြစ်စေပြီး ကျွန်ုပ်တို့အား အတွင်းမှ ပျက်စီးစေသည်။ ပေါလုက အမျက်ဒေါသကြောင့် ပြဿနာဖြစ်လာလျှင် ပြေလည်မှုရှိရန် ချက်ခြင်းဖြေရှင်းခြင်းဖြင့် ရင့်ကျက်သူဖြစ်ရန် ပြောထားသည်။ အမျက် ဒေါသကို ရှင်သန်ကြီးထွား စေသောအခါ၌ ကျွန်ုပ်တို့သည် စာတန် (Satan) အား ကျွန်ုပ်တို့ အတွင်း၌ ကွဲပြားမှုကို ဖြစ်စေရန် အခွင့်ပေး သကဲ့သို့ ဖြစ်သည်။ သင်သည် ယခုအချိန်အခါ၌ သူတစ်ဦးအား အမျက်ဒေါသ ထွက်နေပါသလား။ သင်တို့၏ အမြင်ကွာခြားမှုကို မည်ကဲ့သို့ ဖြေရှင်းနိုင်ပါ မည်နည်း။ သင်တို့၏ ဆက်ဆံရေးကို ပြန်လည် တည်ထောင်ရန် မကြိုးစားဘဲ နေ့တစ်နေ့အား မကုန်လွန်စေပါနှင့်။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၄ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.