❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၎
၎း၂၈-၃၂ ကျွန်ုပ်တို့၏ အသက်ရှင်မှုသည် သန့်ရှင်းသော ဝိညာဉ်တော်အား ဝမ်းနည်းမှုကို ဖြစ်ပေါ်စေနိုင်သည်။ ရှင်ပေါလုက ညစ်ညူးသောစကား၊ ခါးသီးသောစကား၊ မသင့်တော်သော နေရာ၌ ဒေါသထွက်ခြင်း၊ နာကြင်ဖွယ်ရာစကား၊ အထင်အမြင် သေးသော ပြောဆိုချက်၊ အခြားသော သူများအား မခြေမငံ ပြောဆိုခြင်းတို့နှင့် ပတ်သက်၍ သတိပေးထားသည်။ ထိုကဲ့သို့ ပြုမူမည့်အစား ဘုရားသခင်သည် ကျွန်ုပ်တို့၏ အပြစ်များကို လွှတ်ပြီးသကဲ့သို့ ကျွန်ုပ်တို့က သူတစ်ပါးတို့၏ အပြစ်များကို ဖြေလွှတ်ခြင်းဖြင့် တုန့်ပြန်ရမည်။ သင်၏ ပြုမူ ပြောဆိုချက်များသည် ဘုရားသခင်အား ဝမ်းနည်းဖွယ် ဖြစ်စေပါသလား (သို့မဟုတ်) ကြည်းနူးဖွယ် ဖြစ်စေပါသလား။ ကျွန်ုပ်တို့၏ အပြစ်များအတွက် အသေခံရန် သူ၏သားတော်ကို စေလွှတ်သော ဘုရားသခင်၏ မေတ္တာကဲ့သို့ ခရစ်တော်၌ရှိသော ညီအစ်ကို မောင်နှမများကိုချစ်ရပါမည်။
၎း၃၀ ကျွန်ုပ်တို့ အတွင်း၌ရှိသော သန့်ရှင်းသော ဝိညာဉ်တော်သည် ကျွန်ုပ်တို့အား ဘုရားသခင်က ပိုင်ဆိုင်ကြောင်း ဖော်ပြသည့် အာမခံချက်ဖြစ်သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၂ ၃ အခန်းကြီး ၄ ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯