❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၅
၅း၅-၇ မယုံကြည်သော သူများနှင့် မဆက်သွယ်ရန် ရှင်ပေါလုက တားမြစ်နေခြင်း မဟုတ်ပါ။ ယေရှုသည် သူ့နောက်တော်သို့ လိုက်သော သူများအား အပြစ်သားများနှင့် အဆက်အသွယ်ပြုပြီး ထိုသူများအား ယေရှုထံသို့ ပို့ဆောင်ရန် သင်ကြားခဲ့သည် (လု ၅း၃၀-၃၂)။ ရှင်ပေါလု ဆိုလိုသည်မှာ မကောင်းသော အရာများကို ချွင်းချက် အနေနှင့် ဆက်လက်လုပ်ဆောင်သောသူ၊ ထိုသို့ လုပ်ဆောင်ရန် ဆွဲဆောင်သော သူများနှင့် မဆက်ဆံကြရန် ဖြစ်သည်။ ထိုသူများသည် အသင်းတော်ကို လွယ်ကူစွာ ညစ်ညူးစေပြီး၊ အသင်းတော်၏ စည်းလုံးခြင်း ရည်မှန်းချက်များကို အန္တရာယ်ဖြစ်စေနိုင်သည်။
၅း၈ ကျွန်ုပ်တို့သည် အလင်းနှင့် ပြည့်စုံသူများ ဖြစ်၍ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုတို့သည် ကျွန်ုပ်တို့၏ ယုံကြည်ချက်ကို ရောင်ပြန်ဟပ်ရမည်။ သို့ပြုမှသာ ကျွန်ုပ်တို့၏ ကျင့်ကြံ လုပ်ဆောင်မှုများတွင် ဝေဖန်ခံရခြင်းမှ လွှတ်ပြီး ဘုရားသခင်၏ ကောင်းမွန်ခြင်းကို အခြားသူများအား ရောင်ပြန်ဟပ်စေလိမ့်မည်။ ထိုအချက်ကို ယေရှုသည် တောင်ပေါ်ဒေသနာ၌ အရေးပေး ပြောကြားခဲ့သည် (မဿဲ ၅း၁၅-၁၆)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯