❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၅

၅း၁၀-၁၄ အသီးမကောင်းသည့် မှောင်မိုက်အမှု (အပြစ်ပြုခြင်းကို ဖြစ်စေသော သာယာမှု၊ လုပ်ဆောင်မှု) များကို ရှောင်ရှားရန် အရေးကြီးသည်။ အပြစ်မပြုသည့် အသက်တာ၊ အမူအရာများကို ပေါ်လွင်စေရမည်။ အပြစ်များကို ဖုံးကွယ်ပြီး ဆိတ်ငြိမ်စွာ နေခြင်းသည် ထိုအရာများကို လက်ခံသကဲ့သို့ ဖြစ်သည်။ ဘုရားသခင်သည် မှန်ကန်သော အရာဖက်၌ ရပ်တည်သော သူများကို အလိုရှိသည်။ ခရစ်ယာန်တို့သည် မှန်ကန်သော အရာများကို မေတ္တာဖြင့်ပြောရမည်။

၅း၁၄ ဤကိုးကားချက်သည် ဧဖက်မြို့သားတို့ (Ephesian) အသိများသော သီချင်းကို တိုက်ရိုက် ကိုးကားထားသည်။ ထိုသီချင်းသည် ဟေရှာယ ၂၆း၁၉၊ ၅၁း၁၇၊ ၅၂း၁၊ ၆၀း၁၊ မာလခိ ၄း၂ တို့ အပေါ်၌ အခြေတည်ထားသည်။ ဧဖက်မြို့သား အချို့တို့အတွက် ထိမိ၍ လဲစရာ ဖြစ်နိုင်သော အခြေအနေ အန္တရာယ်များကို သတိပြု ကြရန် ရှင်ပေါလုက တိုက်တွန်းထားသည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.