❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၅

၅း၂၁-၂၂ ‘တယောက်ကို တယောက် နှိမ့်ချခြင်း’ ဆိုသော စကားကို နားလည်မှု မှားလေ့ရှိသည်။ ယင်းသည် ခြေသုတ်ဖုန် (Foot mat) ကဲ့သို့ လူများတို့၏ နင်းခြင်းကိုခံရန် မဆိုလိုပါ။ ဖိလိပ္ပိ ၂း၁၀ ၌ ခပ်သိမ်းသော သတ္တဝါတို့သည် ယေရှု၏ ဘွဲ့နာမတော်ကို ဒူးထောက်၍ ယေရှုခရစ်သည် သခင်ဖြစ်တော်မူ၏ဟု နှုတ်နှင့် ဝန်ခံလိမ့်မည်ဟု ဖော်ပြထားသည်။ ထိုယေရှု ခရစ်တော်သည် ခမည်းတော် ဘုရား၏ အလိုတော်ကို ဝန်ခံခဲ့သည်။

ကျွန်ုပ်တို့သည်လည်း ယေရှုခရစ်တော်၏ ပုံပမာအတိုင်း အသက်ရှင်ခြင်းဖြင့် ခရစ်တော်အား ဂုဏ်ပြုကြပါစို့။ ကျွန်ုပ်တို့သည် ဘုရားသခင်ထံ ဝန်ခံသည်နှင့်အမျှ သူ၏ မိန့်မှာချက်များကို လိုက်လျှောက်ရန်၊ အခြားသူများ အပေါ်၌ နှိမ့်ချခြင်းရှိရန် ပို၍လိုအပ်မည်။ မိမိထက် အခြားသူများ၏ အခွင့်အရေးများကို ပို၍ အလေးထားလာမည် ဖြစ်သည်။ အိမ်ထောင်ပြုသောအခါ၌ တဦးကိုတဦး နှိမ့်ချဝန်ခံရမည် ဖြစ်သည်။ ဇနီးသည် မိမိခင်ပွန်း၏ ခရစ်တော်၌ ဦးဆောင်မှုကို လိုက်လျှောက်လိုရမည်။ ခင်ပွန်းသည်လည်း သူ၏ အကျိုးကိုပယ်၍ ဇနီးကိုစောင့်ရှောက် ရမည်။ ခရစ်တော်နှင့် ခိုင်မာစွာ ဆက်သွယ်မှုရှိသော အိမ်ထောင်၌ နှိမ့်ချဝန်ခံခြင်းသည် ခက်ခဲလိမ့်မည် မဟုတ်ပါ။ ထိုအိမ်ထောင်တို့တွင် မိမိ၏ ပျော်ရွှင်ခြင်းထက် ခင်ပွန်း၏ ပျော်ရွှင်ခြင်းကို ပို၍ အလေးထားသည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.