❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၅
၅း၂၂-၂၄ ထိုအချိန်ကာလ၌ အမျိုးသမီးများ၊ ကလေးများ၊ ကျွန်များတို့သည် အိမ်ထောင်ဦးစီး အမျိုးသား၏ အစီအမံကို နာခံရသည်။ ကျွန်တို့သည် ကျွန်အဖြစ်မှ လွတ်သောအချိန် အထိ၊ ယောင်္ကျားကလေးများသည် လူကြီးဖြစ်သည့် အချိန်အထိ၊ ထိုကဲ့သို့ နာခံရသော်လည်း အမျိုးသမီးများမှာမူ သူတို့၏ အသက်တာ တလျှောက်လုံး၌ နာခံ ကြရသည်။ ရှင်ပေါလု (Paul) က ခရစ်တော်ကို ယုံကြည်သူ အားလုံးတို့သည် သာတူညီမျှ ဖြစ်ကြောင်းကို အရေးထား ပြောဆိုခဲ့သည် (ဂလာတိ ၃း၂၈)။ ထိုသို့ဖြစ်ပေါ် စေရန်အတွက် ရောမလူမျိုး (Romans) တို့အား တွန်းလှန်ရမည်ဟု အကြံပြုထားခဲ့ခြင်း မရှိပါ။ ထိုသို့ ပြုမည့်အစား ယုံကြည်သူမျိုးသည် တဦးကိုတဦး လိုလားစွာဖြင့် နှိမ့်ချဝန်ခံ ကြရမည်။ ဇနီးသည် ခင်ပွန်းကို၎င်း၊ ခင်ပွန်းသည် ဇနီးကို၎င်း၊ ကျွန်သည် သခင်ကို၎င်း၊ သခင်သည် ကျွန်ကို၎င်း၊ ကလေးသူငယ် များသည် မိဘကို၎င်း၊ မိဘတို့သည် ကလေးသူငယ်များကို၎င်း၊ အပြန်အလှန် နာခံမှု ရှိကြရမည်။ ထိုကဲ့သို့ နှစ်ဦးနှစ်ဖက် ဝန်ခံနှိမ့်ချခြင်းသည် မိသားစုအတွင်း၌ အစီအစဉ်ကျမှု၊ ပြေပြစ်မှုတို့ကို ဖြစ်ပေါ်တည်တန့် စေသည့်အပြင် မိသားစုအတွင်း ချစ်ခြင်းမေတ္တာနှင့် လေးစားမှုကို တိုးပွားစေသည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯