❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၅

၅း၂၂-၂၄ ရှင်ပေါလု သင်ပြခဲ့သော နှိမ့်ချခြင်းကို မှားယွင်းစွာ ခံယူပြီး၊ ခင်ပွန်းအမျိုးသားအား အာဏာ အကုန်ပေးထားသော လူအချို့ရှိသည်။ ကျွန်ုပ်တို့သည် ထိုကဲ့သို့ မဖြစ်သင့်ပါ။ ရှင်ပေါလု၏ သင်ကြားခဲ့သောအရာသည် လူအများတို့အတွက် လက်ခံနိုင်ဖွယ် မရှိသော်လည်း ထိုအရာကို ပစ်ပယ်ရန် အကြောင်းမရှိပါ။ ကျမ်းစာ၌ ဖော်ပြထားသည်မှာ ခင်ပွန်းအမျိုးသားသည် မိသားစု အတွင်း၌ ဝိညာဉ်ရေးရာ ခေါင်းဆောင်ဖြစ်ပြီး ဇနီးသည်က သူ၏ ဦးဆောင်မှုကို အသိအမှတ်ပြုရမည်။ စစ်မှန်သော ခေါင်းဆောင်မှု၌ အစေခံခြင်း ပါဝင်သည်။ ခရစ်တော်သည် တမှန်တော်များ၏ ခြေကိုဆေး၍ အစေကိုခံသကဲ့သို့ ခင်ပွန်းအမျိုးသားသည် မိမိဇနီးကို အစေခံရမည်။ ပညာရှိ၍ ခရစ်တော်ကို ရိုသေလေးစား လေ့ရှိသော အမျိုးသားသည် သူ၏ ဦးဆောင်မှု အာဏာကို အလွဲသုံးစား မပြုသကဲ့သို့၊ ပညာရှိ၍ ခရစ်တော်ကို ရိုသေလေးစား လေ့ရှိသော ဇနီးသည် သူ့အမျိုးသား၏ ခေါင်းဆောင်မှုကို ပေါ့ပေါ့ဆဆ မခံယူပေ။ သို့မဟုတ်ပါက အိမ်တော် အတွင်း၌ စည်းလုံးမှု ပျက်ပြားခြင်း၊ အဆင်မပြေခြင်းတို့ ဖြစ်ပေါ်လာရသည်။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၅ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.