❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၅
၅း၂၅-၃၀ ရှင်ပေါလုက ဇနီးသည်များမှ ယောက်ျားများကို ဝန်ခံနှိမ့်ချခြင်းထက် ခင်ပွန်း ယောက်ျားများမှ ဇနီးများကို ချစ်ကြရန် နှစ်ဆပို၍ အလေးထား ဖော်ပြခဲ့သည်။ ယောက်ျားသည် ဇနီးသည်အား မည်သို့ ချစ်နိုင်မည်နည်း။
(၁) ယောက်ျားသည် သူမအတွက် အားလုံးကို စွန့်လွှတ်နိုင်စိတ် ရှိရမည်။
(၂) သူမ၏ ကိုယ်စိတ် ချမ်းသာမှုသည် အဓိက အရေးကြီးသောအရာ ဖြစ်ရမည်။
(၃) ယောက်ျားသည် မိမိကိုယ်ကို စောင့်ရှောက် သကဲ့သို့ သူ၏ ဇနီးကို စောင့်ရှောက်ရမည်။
ထိုကဲ့သို့ လုပ်ဆောင်သော ခင်ပွန်းအမျိုးသားအား မည်သည့် ဇနီးသည်ကမျှ ဝန်ခံလိုက်လျှောက်ရန် ဝန်လေးမည်မဟုတ်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၃ ၄ အခန်းကြီး ၅ ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯