❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၄ ၅ အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯
ဧဖက်ဩဝါဒစာ Ephesians
အခန်းကြီး ၆
၆း၉ ခရစ်ယာန် ဘာသာဝင်များတွင် လူတန်းစား အမျိုးမျိုးရှိသော်လည်း ဘုရားသခင်၏ ရှေ့တော်၌ လူအားလုံးတို့သည် တူညီကြသည်။ ဘုရားသခင်သည် မည်သူ တစ်ဦးတစ်ယောက်ကိုမျှ မျက်နှာလိုက်ခြင်း မရှိသကဲ့သို့ မည်သူ တစ်ဦးတစ်ယောက်ကမျှ သူ့အတွက် ပို၍ အရေးပါခြင်းမရှိပေ။ ရှင်ပေါလုမှ ဖိလိမုန် (Philemon) ထံသို့ ရေးသောစာ၌လည်း ဤအချက်ကို အလေးထား ဖော်ပြခဲ့သည်။ သခင်ဖြစ်သော ဖိလိမုန်နှင့် ကျွန်ဖြစ်သော သြနေသိမ် တို့သည် ခရစ်တော်၌ ညီအစ်ကိုများ ဖြစ်ကြသည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . ၄ ၅ အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯