❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၆

၆း၁၂ အသွေးအသား မရှိသော ရန်သူဆိုသည်မှာ စာတန်မှ ထိန်းချုပ်ထားသော နတ်ဆိုး (Demon) များကို ဆိုလိုသည်။ နတ်ဆိုးတို့သည် စိတ်ကူးယဉ် ကမ္ဘာ၌သာရှိသည် မဟုတ်ဘဲ အမှန်တကယ် ရှိသည်။ ခရစ်တော်၏ အသင်းတော်ကို ချိုးဖျက်မည့် တန်ခိုးကြီးသော အဖွဲ့အစည်းများနှင့် ကျွန်ုပ်တို့သည် နေ့စဉ်တွေ့ကြုံ နေရသည်။ ခရစ်တော်ကို ယုံကြည်သောအခါ၌ ယင်းတို့သည် ကျွန်ုပ်တို့၏ ရန်သူဖြစ်လာသည်။ ယင်းတို့သည် ကျွန်ုပ်တို့အား ဘုရားသခင်ထံမှ စွန့်ခွာ၍ အပြစ်ပြန်လည် ပြုလုပ်ရန် အစဉ်ကြိုးပမ်း လေ့ရှိသည်။ ကျွန်ုပ်တို့သည် အဆုံး၌ အောင်နိုင်မည် ဖြစ်သော်လည်း ခရစ်တော် ပြန်လာသည့်အချိန်အထိ ယင်းတို့နှင့် တိုက်လှန်နေရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် စာတန် (Satan) သည် ဘုရားသခင်၏ဘက်၌ ရှိသောသူများအား အစဉ်တိုက်ခိုက်လျက် ရှိသည်။ စာတန်ကို တိုက်လှန်ရန်အတွက် ကျွန်ုပ်တို့၌ ထူးမြတ်သော တန်ခိုးလိုအပ်သည်။ ဘုရားသခင်သည် ထိုတန်ခိုးကို ကျွန်ုပ်တို့ အတွင်း၌ရှိသော သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့်၎င်း၊ သူ၏ လက်နက်စုံကို ဝတ်ဆင်စေခြင်းဖြင့်၎င်း ပေးထားသည်။ သင်သည် စိတ်ပျက် အားလျော့သောအခါ၌ ဤကျောက်ပေါ်မှာ ငါ့အသင်းကို ငါတည်ဆောက်မည်။ ထိုအသင်းကို မရဏာနိုင်ငံ (Hell) ၏ တံခါးတို့သည် မနိုင်နိုင်ရာ မဿဲ ၁၆း၁၈ တွင် ယေရှုက ပေတရု (Peter) အား ပြောခဲ့သည့် စကားများကိုသတိရပါ။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.