❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯


« « မာတိကာ Table of Contents

ဧဖက်ဩဝါဒစာ Ephesians

အခန်းကြီး ၆

၆း၂၄ ဤစာစောင်သည် ဧဖက် (Ephesians) အသင်းတော် အတွက်သာမကဘဲ အခြားသော အသင်းတော်များ အတွက်လည်း ဖြစ်သည်။ ဤစာစောင်၌ ရှင်ပေါလု (Paul) သည် ခရစ်တော်၏ ကြီးမြတ်ခြင်း၊ အသင်းတော်၏ သဘောသဘာဝနှင့် အသင်းသားများသည် အဆင့်အတန်း၊ အသက်အရွယ်၊ သခင်၊ ကျွန်၊ မိဘ၊ သားသမီးမခွဲခြားဘဲ မည်ကဲ့သို့ နေထိုင်သင့်သည်တို့ကို ဖော်ပြထားသည်။ အိမ်တွင်း၌၄င်း၊ အသင်းတော် အတွင်း၌၄င်း၊ ခရစ်ယာန်အသက်တာအတိုင်း အသက်ရှင်ရန် ခက်ခဲသည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာများ၌ ကျွန်ုပ်တို့ကို အတွင်းကျကျ သိသောသူများရှိသည်။ မပြည့်စုံသောသူများ တစ်ဦးနှင့်တစ်ဦး ဆက်ဆံသောအခါ၌ ပြဿနာ အခက်အခဲ ပေါ်လာနိုင်သကဲ့သို့ ဘုရားသခင်အား ယုံကြည်ခြင်း၊ မှီခိုခြင်းသည် ကြီးထွားလာနိုင်သည်။ ခရစ်တော်၏ ခေါင်းဆောင်မှု အပေါ်၌ ဝန်ခံခြင်းနှင့် တစ်ဦးကိုတစ်ဦး နှိမ့်ချစွာ ဆက်ဆံခြင်း အားဖြင့်သာ ကျွန်ုပ်တို့သည် အသင်းတော်အတွင်း စည်းလုံးမှုကို တည်ဆောက်နိုင်မည်ဖြစ်သည်။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း . . . အခန်းကြီး ၆ ရှင်ယာကုပ်ဩဝါဒစာ Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.