❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯


« « မာတိကာ Table of Contents

ရှင်ယာကုပ်ဩဝါဒစာ James

နိဒါန်း Introduction

စာရေးသူသည် ဤစာစောင်၌ ခရစ်ယာန် အသက်တာ၏ အသွင်လက္ခဏာ (၁း၁-၂၇) များကို ဖော်ပြခြင်းဖြင့် အစပြုထားသည်။ ၎င်းနောက် လူ့အသိုင်းအဝိုင်း၌ ခရစ်ယာန် ဘာသာဝင်များကို တရားမျှတစွာ အသက်ရှင်ရန် တိုက်တွန်းထားသည် (၂း၁-၁၃)။ ဆက်လက်၍ ယုံကြည်ခြင်းနှင့် လက်တွေ့အကျင့်ကို၊ ဆက်စပ်ပုံကို ဘာသာရေး ရှုထောင့်မှ ဖွင့်ဆိုထားသည် (၂း၁၄-၂၆)။ နှုတ်ကို ချုပ်တီးခြင်း၏ အရေးကြီးမှုကိုလည်း ဖော်ပြထားသည် (၃း၁-၁၂)။ လောကဇာတိနှင့် သက်ဆိုင်သော အသိဥာဏ်ပညာနှင့် ကောင်းကင်နိုင်ငံတော်နှင့် သက်ဆိုင်သော အသိဥာဏ်ပညာတို့ ကွာခြားမှုကို ဖော်ပြထားသည် (၃း၁၃-၁၈)။ ထို့နောက် စာဖတ်သူတို့အား မကောင်းသည့် လိုအင်ဆန္ဒများကို ကျောခိုင်းပြီး ဘုရားသခင်အား နာခံရန် ခွန်အားပေးထားသည် (၄း၁-၁၂)။ မိမိ၏ အကြံအစည်၊ မိမိ၏ ပိုင်ဆိုင်မှုတို့ကို ယုံကြည်အားထားသော သူများအား ပြန်လည်သတိပြုရန် သတိပေးသည် (၄း၁၃၊ ၅း၆)။ နောက်ဆုံး၌ စာဖတ်သူတို့အား တစ်ဦးနှင့်တစ်ဦး သည်းခံကြရန် (၅း၇-၁၁)၊ မှန်ကန်သော ကတိများပြုရန် (၅း၁၂)၊ တဦးကိုတဦး ဆုတောင်းပေးရန် (၅း၁၃-၁၈)၊ ဘုရားသခင်၌ ယုံကြည်ခြင်း အစဉ်တည်ရန်အတွက် တဦးကိုတဦး ကူညီရန် (၅း၁၉-၂၀) ပြောခဲ့သည်။

ဤစာစောင်ကို ခရစ်ယာန် အသက်တာ လမ်းညွှန်အဖြစ် လက်ခံနိုင်သည်။ သင့်အား ထိပ်တိုက်ရင်ဆိုင်ခြင်း၊ စိန်ခေါ်ခြင်း၊ အစေခံရန် ဆက်ကပ်ခြင်းတို့ကို ဤစာစောင်၌ တွေ့ရသည်။ ဤစာစောင်ကို ဖတ်ရှုသောအခါ၌ ဤစာစောင်အားဖြင့် သင်သည် ကျမ်းစာနှင့်အညီ လုပ်ဆောင်သောသူ ဖြစ်ပါစေ (၁း၂၂-၂၅)။

Continue… »»


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © 2025 Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.