❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၁
၁း၂-၄ ကျွန်ုပ်တို့၏ သဘောသဘာဝ အမူအကျင့်များကို ခက်ခဲသော အချိန်များ၌ ကျွန်ုပ်တို့၏ တုန့်ပြန်မှုကို ကြည့်ရှုခြင်းဖြင့် သိနိုင်သည်။ ကောင်းမွန်ပြည့်စုံသော အချိန်များ၌ အခြားသူများအား ကြင်နာရန် လွယ်ကူသော်လည်း အခြားသူများက ကျွန်ုပ်တို့၏ အပေါ်၌ မတရားပြုသော အချိန်များ၌ ကျွန်ုပ်တို့သည် ဆက်လက်၍ ကြင်နာနိုင်ကြ ပါမည်လား။ ဘုရားသခင်သည် ကျွန်ုပ်တို့အား နာကြင်မှုများမှ ကင်းဝေးစေရုံ သာမက ရင့်ကျက်သော သူများ ပြည့်စုံသောသူများ ဖြစ်စေလိုသည်။ ကျွန်ုပ်တို့သည် ခက်ခဲမှုများကို ညည်းတွားမည့်အစား ထိုအခြေအနေများကို ကျွန်ုပ်တို့ ကြီးထွားရင့်ကျက်ရန် အခွင့်အလမ်း များအဖြစ် တွေ့မြင်ပါ။ ခက်ခဲသော အချိန်များ၌ ဘုရားသခင်သည် သင်နှင့်အတူ ရှိခြင်းအတွက် ကျေးဇူးတင်ပါ။ သင်၏ ပြဿနာများကို ကူညီဖြေရှင်းပေးရန် ဘုရားသခင်ကို တောင်းခံပါ။ ဘုရားသခင်၏ နှစ်သိမ့်ခြင်းရှိရန် တောင်းခံပါ။ သည်းခံလျက် စောင့်စားပါ။ ဘုရားသခင်သည် သင်အား ထိုအချိန်များ၌ ပစ်ပယ်ထားမည် မဟုတ်ပါ။ သူသည် သင်နှင့် နီးကပ်စွာရှိပြီး သင်အား ကြီးထွားရန်ကူညီလိမ့်မည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯