❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၁
၁း၁၂-၁၅ စုံစမ်း နှောက်ယှက်ခြင်းသည် ဘုရားသခင်ထံမှ လာသောအရာ မဟုတ်ဘဲ ကျွန်ုပ်တို့ အတွင်းမှလာသော မကောင်းသည့် လိုအင်ဆန္ဒကြောင့် ဖြစ်သည်။ ယင်းသည် မကောင်းသည့် အတွေးအခေါ်က အစပြုပြီး ထိုအရာကို ဆက်လက်စဉ်းစား လုပ်ဆောင်သော အခါ၌ အပြစ်ဖြစ်လာရသည်။ စုံစမ်း နှောင့်ယှက်ခြင်းကို ရပ်ဆိုင်းရန် အကောင်းဆုံး အချိန်မှာ စုံစမ်းမှုကို မကြီးထွားမီ အချိန် (သို့မဟုတ်) စုံစမ်း နှောင့်ယှက်မှုသည် အရှိန်မရသေးသော အချိန်ဖြစ်သည် (မဿဲ ၄း၁-၁၁၊ ၁ ကော ၁၀း၁၃၊ ၂ တိမော ၂း၂၂)။
၁း၁၂ အသက်သရဖူ (The crown of life) သည် အနိုင်ရသော အားကစားသမားအား ပေးသော အောင်မြင်ခြင်း သရဖူကဲ့သို့ ဖြစ်သည်။ ဘုရားသခင်၏ အသက်သရဖူသည် ဤကမ္ဘာနှင့် ဆိုင်သော ကြွယ်ဝခြင်း၊ ချီးမွမ်းခြင်း မဟုတ်ဘဲ ဘုရားသခင်နှင့် အတူတကွ ထာဝရ နေထိုင်ခြင်း တည်းဟူသော ဆုဖြစ်သည်။ ဘုရားသခင်၌ အောင်မြင်သော အဖွဲ့ဝင်တစ်ဦး ဖြစ်ရန်မှာ သူ့အား ချစ်ခြင်း၊ ခက်ခဲသော အချိန်များ၌ပင် သစ္စာရှိခြင်းတို့ဖြစ်သည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯