❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯


« « မာတိကာ Table of Contents

ရှင်ယာကုပ်ဩဝါဒစာ James

အခန်းကြီး ၁

၁း၂၅ ဥပဒေ (Law) သည် ကျွန်ုပ်တို့အား လွှတ်ခြင်းအခွင့်ကို ပေးသည်ဟု ဆိုသောအခါ၌ ကျွန်ုပ်တို့ လက်ခံထားသော အယူနှင့် ဆန့်ကျင်ဖက် ဖြစ်နေပေလိမ့်မည်။ ဘုရားသခင်၏ ဥပဒေသများသည် အပြစ်ကို ညွှန်ပြပြီး၊ ဘုရားသခင်၏ ခွင့်လွှတ်ခြင်းကို တောင်းခံရန် အခွင့်အရေး ဖြစ်စေသည် (ရောမ ၇း၇-၈)။ ခရစ်ယာန် ဘာသာဝင် တဦးအနေဖြင့် ကျွန်ုပ်တို့သည် ဘုရားသခင်၏ မေတ္တာအားဖြင့် ကယ်တင်ခြင်းကို ခံရပြီး ကယ်တင်ခြင်းသည် ကျွန်ုပ်တို့အား အပြစ်တရား၏ ထိန်းချုပ်မှုအောက်မှ လွတ်စေသည်။ ယုံကြည်သူ တဦးအနေဖြင့် ဘုရားသခင် ဖန်ဆင်းထားသည့်အတိုင်း လွတ်လပ်စွာ အသက်ရှင်နိုင်သော အခွင့်ရှိသည်။ ယင်းသည် ကျွန်ုပ်တို့မှ လုပ်ဆောင်လိုသော အရာများကို လွတ်လပ်စွာ လုပ်ဆောင်နိုင်သည်ဟု မဆိုလိုပါ (၁ ပေ ၂း၁၆)။ ကျွန်ုပ်တို့သည် ဘုရားသခင်အား လွတ်လပ်စွာနာခံနိုင်သည်။

၁း၂၆ လျှာကို ထိန်းချုပ်ခြင်းနှင့် ပတ်သက်၍ အခန်းကြီး (၃) ၌ အကျယ်တဝင့် ဖော်ပြထားသည်။ ကျွန်ုပ်တို့သည် မိမိကိုယ်တိုင် မိမိဝိညာဉ်နှင့် အလွန်ပြည့်ဝ သည်ဟု ခံယူစေကာမူ ကျွန်ုပ်တို့၏ လျှာအားပို၍ ထိန်းချုပ်ရမည့်အခါများရှိသည်။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.