❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၁
၁း၂၇ ပထမရာစု နှစ်တွင် မိဘမဲ့များ မုဆိုးမများ အတွက် စီးပွားရေး အထောက်အပံ့ မရှိသလောက် ဖြစ်သည်။ အကယ်၍ မိသားစုဝင် တစ်ဦးဦးမှ ထိုသူတို့အား ထောက်ပံ့မှု မပြုလျှင် သူတို့သည် တောင်းစားခြင်း၊ ကျွန်အဖြစ် ရောက်ချခြင်း၊ ငတ်မွတ်ခေါင်းပါးခြင်းတို့ကို ကြုံရသည်။ အသင်းတော်က ထိုသူများအား ကူညီစောင်မခြင်းသည် ဘုရားသခင်၏ စကားတော်တို့ကို လက်တွေ့ပြရာ ရောက်သည်။ ပြန်လည်ရရှိမည့် အကျိုးအမြတ်ကို မကြည့်ဘဲ အစေခံခြင်းသည် စစ်မှန်သော အစေခံခြင်းဖြစ်သည်။
၁း၂၇ ကျွန်ုပ်တို့အား ဤကမ္ဘာမှ ဖျက်စီးခြင်းကို ကာကွယ်ရန် ကျွန်ုပ်တို့သည် ခရစ်တော် ပြောခဲ့သည့် အကျင့်တရား၊ စောင့်ထိန်းမှုများကို အစဉ်လိုက်နာ ကျင့်သုံးရမည်။ ကျွန်ုပ်တို့သည် ဤကမ္ဘာကြီး၏ စံနှုန်းအတိုင်း အသက်ရှင်ရမည် မဟုတ်ပါ။ ကမ္ဘာကြီး၏ စံနှုန်းသည် ငွေကြေး၊ တန်ခိုး၊ သာယာမှုကို အခြေခံသည်။ ထိုစံနှုန်းနှင့် ရောထွေးနေသော ယုံကြည်ခြင်းသည် စစ်မှန်သော ယုံကြည်ခြင်းမဟုတ်ပါ။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ နိဒါန်း အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၁ ၂ ၃ . . . Next ❯