❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၂
၂း၈-၉ ကျွန်ုပ်တို့အပေါ်၌ ပြုစေလိုသည့်အတိုင်း ကျွန်ုပ်တို့သည် အခြားသူများအပေါ်၌ ပြုရမည်။ ကျွန်ုပ်တို့သည် ချမ်းသာသော သူများအားလည်း မျက်ကွယ် မပြုသင့်ပေ။ ထိုသို့ပြုလျှင် ထိုသူတို့အပေါ်၌ ကျွန်ုပ်တို့၏ မေတ္တာကို တားဆီးရာ ရောက်သည်။ ကျွန်တို့အတွက် သူတို့ လုပ်ဆောင်ပေးနိုင်မည့် အရာများအပေါ်၌ အခြေခံ၍ မျက်နှာသာပေးခြင်း မပြုသင့်ပါ။ ကျွန်ုပ်တို့အတွက် အနည်းငယ်သာ အကျိုးပြုနိုင်မည့် ဆင်းရဲသော သူများအားလည်း လစ်လျူမပြုသင့်ပါ။
၂း၈ ကြီးမြတ်သောဘုရင်၊ ယေရှုခရစ်တော်၏ ဥပဒေသမှာ ‘ငါသည် သင်တို့ကိုချစ်သည့် နည်းတူ သင်တို့အချင်းချင်း ချစ်ကြလော့’ (ယော ၁၅း၁၂)။ ဤအချက်ကို ဝတ်ပြုရာကျမ်း ၁၉း၁၈ ၌လည်း ရှေးဦးစွာဖော်ပြထားသည်။ ခရစ်တော်မှာ ဤအမှန်တရားကို မဿဲ ၂၂း၃၇-၄၀ ၌ ပို၍ခိုင်မာစေခဲ့ပြီး ရှင်ပေါလု (Paul) ကလည်း ရောမ ၁၃း၈၊ ဂလောတိ ၅း၁၄ တို့၌ ဖော်ပြထားသည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . Next ❯