❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၂
၂း၁၂ ခရစ်ယာန်တဦးအနေဖြင့် ကျွန်ပ်တို့သည် ယုံကြည်ခြင်းအားဖြင့် ဘုရားသခင်၏ မေတ္တာလက်ဆောင်ကြောင့်သာ ကယ်တင်ခြင်းကို ရသည်။ ကျွန်ုပ်တို့သည် ပညတ်တရားများကို စောင့်ရှောက်သောကြောင့် မဟုတ်ပေ။ ကျွန်ုပ်တို့သည် ခရစ်တော်၏ စကားကို နာခံရန် လိုအပ်သည်။ တမန်တော်ရှင်ပေါလု (Apostle Paul) က သင်ကြားခဲ့သည်မှာ ကျွန်ုပ်တို့သည် ခရစ်တော်၏ ရှေ့မှောက်၌ ကျွန်ုပ်တို့၏ လုပ်ဆောင်မှုများအတွက် စီရင်ခြင်းကို ခံယူရန် ရပ်နေရလိမ့်မည် (၂ ကော ၅း၁၀)။ ဘုရားသခင်၏ ကြင်နာခြင်းသည် ကျွန်ုပ်တို့အား နာခံခြင်းတာဝန်မှ မလွတ်ကင်းစေပါ။ ဘုရားသခင်၏ ကြင်နာခြင်းသည် ကျွန်ုပ်တို့အား နာခံခြင်းကိုဖြစ်စေမည့် အသစ်သော အခြေခံအကြောင်း ဖြစ်သည်။ ထိုအခါ၌ ပညတ်တရားသည် ဥပဒေသတရပ် မဟုတ်တော့ဘဲ သင့်အား လွတ်ခြင်းအခွင့်ကို ပေးမည့် တရားဖြစ်လာပါမည်။ ထိုတရားကို ကျွန်ုပ်တို့သည် ပျော်ရွှင်လိုလားစွာ လိုက်လျှောက်ကြမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ကျွန်ုပ်တို့သည် ဘုရားသခင်အား ချစ်ပြီး၊ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးသည် ကျွန်ုပ်တို့၌ ရှိသောကြောင့် ဖြစ်သည် (၁း၂၅)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် ၁ အခန်းကြီး ၂ ၃ ၄ . . . Next ❯