❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . Next ❯


« « မာတိကာ Table of Contents

ရှင်ယာကုပ်ဩဝါဒစာ James

အခန်းကြီး ၂

၂း၁၈ ဤကျမ်းပိုဒ်သည် ရောမ ၃း၂၈ နှင့် မကိုက်ညီ သကဲ့သို့ ထင်ရသည်။ “ပညတ်တရား အကျင့်မရှိဘဲ ယုံကြည်ခြင်းအားဖြင့် ဖြောင့်မတ်ရာသို့ ရောက်သည်” သေချာစွာ လေ့လာသောအခါ၌ စာရေးသူနှင့် ရှင်ပေါလု (Paul) တို့၏ သင်ကြားချက်များသည် ဆန့်ကျင်မှုမရှိပါ။ ကောင်းသော အကျင့်ဖြင့် ကယ်တင်ခြင်းကို အရမယူနိုင်ပါ။ စစ်မှန်သော ယုံကြည်ခြင်းသည် အသက်တာ ပြောင်းလဲခြင်း၊ ကောင်းသောအမှုကို လုပ်ဆောင်ခြင်းတို့ကို ဖြစ်ပွားစေသည်။ ရှင်ပေါလုက စစ်မှန်သော ယုံကြည်ခြင်းဖြင့် မဟုတ်ဘဲ အကျင့်အားဖြင့် ကယ်တင်ခြင်းကို ရှာဖွေနေသော သူများအား ရည်ညွှန်းပြောကြား ထားသည်။ စာရေးသူကမူ စစ်မှန်သော ယုံကြည်ခြင်းနှင့် ပတ်သက်၍ အတွေးရှုပ်ထွေး နေသူများအား ဆန့်ကျင်၍ ပြောဆိုထားခြင်း ဖြစ်သည်။ နတ်ဆိုး (Demon) သည်ပင်လျှင် ယေရှုအား သိသော်လည်း သူ့အား နာခံခြင်းမရှိပါ (၂း၁၉)။ စစ်မှန်သော ယုံကြည်ခြင်း ဖြစ်ရန်မှာ သင်၏ ကိုယ်စိတ်နှလုံး သုံးပါးစလုံးကို ဘုရားသခင်ထံ၌ အပ်နှံရန်လိုအပ်သည်။

Continue… » »


❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . အဓိပ္ပါယ်ဖွင့်ဆိုချက် အခန်းကြီး ၂ . . . Next ❯

Back to Top ▲

အသင်းတော်အတွင်းကန့်သတ်ထုတ်ဝေသည်။

Copyright © Myanmar Christian Resources Ministry. All rights reserved.
All copyrights belong to their respective owners.