❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၃
၃း၆ စာရေးသူက လျှာအား လောင်မြိုက်သော မီးနှင့်နှိုင်းယှဉ်ထားသည်။ လျှာ၏ ကောက်ကျစ် စဉ်းလဲမှုသည် ငရဲ (Hell) ၌ အခြေခံသည်။ ထိန်းချုပ်မှု မရှိသောလျှာသည် ဆိုးဝါးသော ပျက်စီးမှုကို ဖြစ်စေနိုင်သည်။ စာတန် (Satan) သည် လျှာကို အသုံးပြု၍ လူတို့အား ကွဲပြားစေပြီး တစ်ဦးကိုတစ်ဦး ခိုက်ရန်ဖြစ်ပွားစေသည်။ မနာလို မုန်းတီးသော စကားများသည် ပျက်စီးမှုကို ဖြစ်စေသည်။ အဘယ်ကြောင့်ဆိုသော် ထိုစကားများသည် ပျက်စီးမှုကို ကျယ်ပြန့်လျင်မြန်စွာ ဖြစ်စေပြီး ပြောဆိုပြီးသည်နှင့် တပြိုင်နက် မည်သူကမျှ တားဆီးနိုင်စွမ်း မရှိတော့ပါ။ ပြောဆိုသော စကားများကို သတိမမှုဘဲ မပြောဆိုသင့်ပါ။ နောင်တချိန်၌ ပြန်လည်တောင်းပန်သော်လည်း အမာရွတ်သည် ကျန်ရှိမည်ဖြစ်သည်။ ဒေါသဖြင့် ပြောဆိုသော စကားသည် နှစ်ပေါင်းများစွာ တည်ဆောက်ထားသော ဆက်ဆံရေးကို ပျက်စီးစေနိုင်သည်။ သင်သည် စကားတလုံးကို မပြောဆိုမှီ အချိန်၌ ထိုစကားသည် မီးကဲ့သို့ဖြစ်ပြီး၊ ထိုစကားကို သင်မှ ထိန်းချုပ်၍ မရနိုင်ကြောင်း၊ ထိုစကားကြောင့် ပျက်စီးမှုကို ပြုပြင်ပြောင်းလဲ၍ မရနိုင်ကြောင်းသိရှိပါ။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ Next ❯