❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၃
၃း၁၃-၁၈ မိမိကိုယ်ကို ပညာရှိဟု ပြောဆိုလျှက် အဓိပ္ပါယ်ကင်းမဲ့သည့် အလုပ်ကို လုပ်ဆောင်သော သူတို့ကို တွေ့ဖူးပါသလား။ လူတစ်ဦး၏ အကျင့်စာရိတ္တအားဖြင့် သူ၌ရှိသည့် ဥာဏ်ပညာတို့ကို တိုင်းဆနိုင်သည်။ အသီးကို ကြည့်ခြင်းအားဖြင့် အပင်ကို သိနိုင်သကဲ့သို့ လုပ်ဆောင်မှုကို ကြည့်ခြင်းအားဖြင့် ဥာဏ်ပညာ အတိမ်အနက်ကို ဆန်းစစ်နိုင်သည်။ အဓိပ္ပါယ်မဲ့စွာ လုပ်ဆောင်ခြင်းကြောင့် ပြိုကွဲခြင်းကို ဖြစ်စေ၏။ ဥာဏ်ပညာသည် ငြိမ်းချမ်းခြင်း၊ ကောင်းမြတ်ခြင်းကို ဖြစ်စေသည်။ သင်သည်ပြဿနာကို ကြီးထွားစေသူ၊ အတင်းအဖျင်းဖြန့်သူ၊ မွှေနှောက်ဖျက်စီးတတ်သူ ဖြစ်ပါသလား။ စကားကို ပညာနှင့်ယှဉ်ပြီး သတိထား၍ပြောပါ။ မေတ္တာဖြင့်ပြောသော စကားသည် ငြိမ်းချမ်းရေး၏ မျိုးစေ့များဖြစ်သည်။ ဘုရားသခင်က ရန်ကိုငြိမ်းစေသော သူများကိုချစ်သည် (မဿဲ ၅း၉)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၁ ၂ အခန်းကြီး ၃ ၄ ၅ Next ❯