❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၂ ၃ အခန်းကြီး ၄ ၅ Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၎
၎း၇-၁၀ ကျွန်ုပ်တို့သည် ဘုရားသခင်နှင့် မည်ကဲ့သို့ နီးစပ်နိုင်မည်နည်း။ စာရေးသူမှ နည်းလမ်း (၅)လမ်းကို ဖော်ပြထားသည်။
(၁) ဘုရားသခင်ရှေ့တော်၌ နှိမ့်ချပါ (၄း၇)။ ဘုရားသခင်၏ အခွင့်အာဏာနှင့် အလိုတော်ကို ဦးစားပေးပါ။ သင်၏ အသက်တာကို သူ၌၎င်း၊ သူ၏ ထိန်းချုပ်မှုအောက်၌၎င်း၊ ဝန်ခံပြီး သူ၏နောက်တော်သို့ လိုက်လျှောက်လိုပါ။
(၂) မာရ်နတ် (Devil) ကို ငြင်းပယ်တွန်းလှန်ပါ (၄း၇)။ စာတန် (Satan) က သင်အားလှည့်စားရန်၊ သွေးဆောင်ရန် အခွင့်မပေးပါနှင့်။
(၃) သင်၏ လက်ကိုဆေးကြောပါ။ သင်၏ နှလုံးကို သန့်စင်စေပါ (ဖြူစင်သော အသက်တာသို့ ရှေ့ရှုပါ) (၄း၈)။ အပြစ်နှင့် ကင်းစင်လျက် အပြစ်ပြုလိုသောစိတ်အား ဘုရားသခင်၏ သန့်ရှင်းခြင်းကို ခံစားလိုသော စိတ်နှင့် အစားထိုးပါ။
(၄) သင်၏ အပြစ်အတွက် ကြေကွဲဝမ်းနည်းပါ (၄း၉)။ သင်ပြုလုပ်ခဲ့သော အရာများအတွက် စိတ်နှလုံးအတွင်းမှ ဝမ်းနည်းကြေကွဲရန် မကြောက်မရွံ့ပါနှင့်။
(၅) ဘုရားရှေ့၌ နှိမ့်ချသောအခါ သူသည်သင့်အား ချီးမြှင့်လိမ့်မည် (၄း၁၀၊ ၁ ပေ ၅း၆)။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၂ ၃ အခန်းကြီး ၄ ၅ Next ❯