❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၂ ၃ အခန်းကြီး ၄ ၅ Next ❯
ရှင်ယာကုပ်ဩဝါဒစာ James
အခန်းကြီး ၎
၎း၁၇ ကျွန်ုပ်တို့က ထင်မြင်လေ့ရှိသည်မှာ မှားယွင်းသောအရာကို လုပ်ဆောင်ခြင်းသည် အပြစ်ဖြစ်သည်။ ရှင်ယာကုပ် ဖော်ပြထားသည်မှာ မှန်ကန်သောအရာကို လုပ်ဆောင်ရန် ပျက်ကွက်ခြင်းသည်လည်း အပြစ်ဖြစ်သည် (လုပ်ဆောင်၍ ကျရောက်သော အပြစ်နှင့် လုပ်ဆောင်ရန် ပျက်ကွက်သောကြောင့် ကျရောက်သောအပြစ်)။ လိမ်ပြောခြင်းတို့သည် အပြစ်ဖြစ် သကဲ့သို့ အမှန်တရားကို သိလျက်နှင့် မပြောဆိုခြင်း သည်လည်း အပြစ်ဖြစ်သည်။ သူတဦး၏ မကောင်းကြောင်းကို ပြောဆိုခြင်းသည် အပြစ်ဖြစ်သကဲ့သို့ ထိုသူသည် သင်နှင့် မိတ်ဆွေဖွဲ့ရန် လိုအပ်ချိန်၌ သင်က သူ့ကိုရှောင်ရှား နေခြင်းသည်လည်း အပြစ်ဖြစ်သည်။ သင့်ကို သန့်ရှင်းသော ဝိညာဉ်တော်က လမ်းပြတော်မူသည့်အတိုင်း အခြားသူများအား ကူညီတတ်ရန် လိုအပ်သည်။ အကယ်၍ ဘုရားသခင်သည် သင့်အား အခြားသူများကို ကူညီရန် လမ်းညွှန်သောအခါ၌ ကူညီမှုကိုပြပါ။ ပေါင်းသင်းဆက်ဆံမှု ပြန်လည်တည်ထောင်ရန် လမ်းညွှန်လျှင် ပြန်လည်တည်ဆောက်ပါ။ ထိုအခါ၌ သင့်၏ ခရစ်ယာန် ယုံကြည်ခြင်းသည် အသစ်တဖန် ပြန်လည်ရှင်သန် လန်းဆန်းလာလိမ့်မည်။
❮ Prev ရှင်ယောဟန်ခရစ်ဝင်ကျမ်း ဧဖက်ဩဝါဒစာ . . . ၂ ၃ အခန်းကြီး ၄ ၅ Next ❯